“မုဒိမ်းမှုကို ဥပေက္ခာပြုနေကြတယ်”
SHAN -
“တခါတလေ အသက်မရှင်ချင်တော့ဘူး။ ကလေးမျက်နှာကြောင့်သာ အားတင်းပြီး နေနေရတာ” လို့ မငယ်က သူ့သားလေးကိုကြည့်ရင်း လေသံတိုးတိုးလေးနဲ့ ပြောလာပါတယ်။ မငယ်သည် အသက် နှစ်နှစ်အရွယ်ရှိ သားငယ်ကို ပွေ့ချီရင်း၊ ဆူပူရင်း၊ ငြီးတွားရင်းနဲ့ စိတ်ပျက်ဝမ်းနည်းနေပါတယ်။ သူဟာ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး၊ မိဘနှစ်ပါးကို နေ့စားလိုက်ရင်း ရှာဖွေကျွေးမွေးနေပါတယ်။...
ပင်လောင်းမြို့နယ်ရှိ စက်လှေဂိတ်ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စက်လှေဂိတ်တစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြား ဆောင်လန်ကျေးရွာရှိ စက်လှေဂိတ်တစ်ခုကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရန် ပို၍ ခက်ခဲနေကြောင်း အသက်...
သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ “ရိုးရာ”ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၃ ရက်) နံနက် ၈ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မြို့ဝင်ဆိုင်းဘုတ်အနီး နမ့်ခိုက်ကျေးရွာရှိ...
နမ့်ဆန်မြို့နယ် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက် ၁ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်...
မြောက်ပိုင်းမဟာမိတ်အချင်းချင်းကြား နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာ
သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နယ်မြေစိုးမိုးမှု ပိုမိုရရှိလာသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အကြား မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များအချင်းချင်း နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာခဲ့ကြောင်း စုံစမ်းသိရသည်။ ယခု အောက်တိုဘာလအတွင်း မူဆယ်၊ ကွတ်ခိုင်နှင့်...
ပင်လောင်းမြို့နယ်ကို စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ နမ့်ဖာမူ၊ ပင်စုံ၊ လဲလောင်းနှင့် တက်တောင် စသည့် ကျေးရွာများတွင် စစ်ကောင်စီ၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ကရင်နီ တော်လှန်ရေး...
လားရှိုးမြို့ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိးမြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၁ရက်)နေ့ ညသန်းခေါင်ရံချိန် ၁၂ နာရီဝန်းကျင်တွင် လူအိပ်ရေးမောကျချိန် လားရှိုးမြို့ (၁၂) ရပ်ကွက် ရှမ်းတောင်တန်းလမ်းကြား မန်ဆူဘုရားမရောက်ခင် စစ်ကောင်စီ ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး အဆောက်အအုံများ ပျက်စီးသွားသည်ဟု...
“MNDAA က တရုတ်ကို အာဏာဖီဆန်မှာလား။ နောက်ဆုတ်မှာလား”
"၁၀၂၇ စစ်ဆင်ရေး" တစ်နှစ်ကာလအတွင်း ကိုးကန့်တပ်ဖွဲ့တွေ ဘယ်လိုမျိုးပြောင်းလဲသွားလဲ။ တရုတ်ကရော ဘယ်လိုအခြေအနေရှိလဲ။ စစ်ကောင်စီကရော ဘယ်ခြေလှမ်းတွေ လှမ်းနေလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းနှင့် တွေ့ဆုံဆွေးနွေး မေးမြန်းထားပါတယ်။ မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်တော့မယ့် ကာလအတွင်းမှာ...
နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ တောင်းခမ်း တိုက်ပွဲ ပြင်းထန်နေ
သျှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်းခမ်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၂၁ ရက်)၊ နံနက် ၁ နာရီ ဝန်းကျင်တွင် နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း စုစုပေါင်း ဗုံး...
ကွမ်းလုံ-ဟိုပန်ကြား စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ နေအိမ်ပျက်စီးပြီး ပြည်သူစိုးရိမ်ထိတ်လန့်
သျှမ်းပြည် ကွမ်းလုံနှင့် ဟိုပန်မြို့အကြားရှိ နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၀ ရက်) နံနက်အစောပိုင်း ၁ နာရီခန့်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံနှင့် ဟိုပန်မြို့အကြားရှိ နမ့်ဟူးကျေးရွာသို့ စစ်ကောင်စီတပ်မှ...





