လားရှိုးတွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများကို MNDAA မှ အစာရေစာဖြတ်တောက်ဟု သတင်းအမှားဖြန့်

ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများအား အစာရေစာ ဖြတ်တောက်၍ စစ်သင်တန်းရက်တိုတက်ရောက်မှသာ ထမင်းကျွေးကြောင်း ဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ် Thazin Oo ချန်နယ်လ်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖြစ်ချိခဲ့ပြီး “အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုက ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို အစာရေစာ ဖြတ်တောက်ပြီး ရက်တိုစစ်သင်တန်းတတ်မှ ထမင်းကျွေးတာမျိုးတွေ လုပ်နေတယ်လို့ ကြားသိရပါတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။
ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၇,၀၀၀ ကျော်ပြီး Thazin Oo ချန်နယ်လ်အပြင် အခြားစစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်နယ်ချန်နယ်လ်ပါ ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.ph/qJWqL

ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/2ci3l

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၁ ဦးကို ကိုးကန့်တပ်မတော် MNDAA ကပြန်လွတ်ပေးခဲ့ကြောင်း MNDAA က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက် – https://shorturl.at/zdzly

ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းတချို့ ဒဏ်ရာရထားသဖြင့် နေရပ်မပြန်လိုသည့် မိသားစုဝင်များရှိခဲ့ပေမဲ့ ညှိနှိုင်းမှုကြောင့် အားလုံးကို နေရပ်ပြန်ပို့ဆောင်ပေးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့်နီးစပ်သူ စစ်ရေးရင်းမြစ်တစ်ဦး၏ အတည်ပြုချက်ဖြင့် RFA သတင်းဌာနက အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတင်းတစ်ပုဒ်ရေးသားဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှု့ရန် – https://archive.ph/m7teU

ထိုသတင်းနဲ့ပတ်သက်၍ လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာတွင် “လေယာဉ်းဗုံးလာကြဲပြီးနောက်ပိုင်း စစ်သုံ့ပန်းနဲ့ တပ်မိသားစုဝင်တွေကို နေရာပြောင်းရွှေ့ထားတာရှိတယ်။ ဒါပေမဲ့ အစာရေစာဖြတ်တောက်ထားတယ်တော့ မကြားမိဘူး။ ပြီးခဲ့တဲ့ရက်ပိုင်း ရွာကလူတွေ ထမင်းကို အလှည့်ကျသွားချက်ပေးရသေးတယ်” ဟု ပြောသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သြဂုတ် ၆ ရက်နေ့မှစတင်၍ ကိုးကန့်တပ်ဖွဲ့ MNDAA မှပြန်လွတ်ပေးလျက်ရှိရာ သြဂုတ် ၁၃ ရက်အထိ လူဦးရေ ၂,၀၀၀ ကျော် ပြန်လွတ်ပေးပြီးဖြစ်ကြောင်း MNDAA ၏ထုတ်ပြန်ချက်ကိုကိုးကားပြီး People’s Spring သတင်းဌာနက သြဂုတ် ၁၆ ရက်နေ့တွင် ဖော်ပြထားသည်။

သတင်းလင့်ခ် – https://archive.ph/KjdCk

သုံးသပ်ချက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင် ဖမ်းဆီးမိရသည့် စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင်များကို MNDAA မှ နေရာပြောင်းရွှေ့ထားကြောင်း မှန်ကန်သည်။
သို့သော် စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင်များကို MNDAA မှ အစာရေစာဖြတ်တောက်ထားခြင်း မရှိပေ။

ဒေသခံများ၏ပြောဆိုချက်အရ MNDAA မှဖမ်းဆီးရမိသော စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင်များအတွက် ကျေးရွာမှဒေသခံများက အလှည့်ကျထမင်းသွားချက်ပေးရခြင်းမျိုးရှိကြောင်း သိရသည်။

ဒေသခံတွင်း သတင်းဌာနနှင့် လွတ်လပ်သည့် သတင်းဌာနတွင် ဤအကြောင်းအရာနှင့် ပတ်သက်၍ ယခုတိုင်ထိသတင်းဖော်ပြထားခြင်းလည်း မရှိပေ။

ထိုကြောင့် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများကို MNDAA မှ အစာရေစာဖြတ်တောက်ဆိုသည့် ဖြန့်ချိမှုဟာ မှားယွင်းနေသည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...