Tuesday, January 27, 2026

လားရှိုးတွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများကို MNDAA မှ အစာရေစာဖြတ်တောက်ဟု သတင်းအမှားဖြန့်

ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများအား အစာရေစာ ဖြတ်တောက်၍ စစ်သင်တန်းရက်တိုတက်ရောက်မှသာ ထမင်းကျွေးကြောင်း ဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ် Thazin Oo ချန်နယ်လ်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖြစ်ချိခဲ့ပြီး “အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုက ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို အစာရေစာ ဖြတ်တောက်ပြီး ရက်တိုစစ်သင်တန်းတတ်မှ ထမင်းကျွေးတာမျိုးတွေ လုပ်နေတယ်လို့ ကြားသိရပါတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။
ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၇,၀၀၀ ကျော်ပြီး Thazin Oo ချန်နယ်လ်အပြင် အခြားစစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်နယ်ချန်နယ်လ်ပါ ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.ph/qJWqL

ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/2ci3l

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၁ ဦးကို ကိုးကန့်တပ်မတော် MNDAA ကပြန်လွတ်ပေးခဲ့ကြောင်း MNDAA က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက် – https://shorturl.at/zdzly

ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းတချို့ ဒဏ်ရာရထားသဖြင့် နေရပ်မပြန်လိုသည့် မိသားစုဝင်များရှိခဲ့ပေမဲ့ ညှိနှိုင်းမှုကြောင့် အားလုံးကို နေရပ်ပြန်ပို့ဆောင်ပေးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့်နီးစပ်သူ စစ်ရေးရင်းမြစ်တစ်ဦး၏ အတည်ပြုချက်ဖြင့် RFA သတင်းဌာနက အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတင်းတစ်ပုဒ်ရေးသားဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှု့ရန် – https://archive.ph/m7teU

ထိုသတင်းနဲ့ပတ်သက်၍ လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာတွင် “လေယာဉ်းဗုံးလာကြဲပြီးနောက်ပိုင်း စစ်သုံ့ပန်းနဲ့ တပ်မိသားစုဝင်တွေကို နေရာပြောင်းရွှေ့ထားတာရှိတယ်။ ဒါပေမဲ့ အစာရေစာဖြတ်တောက်ထားတယ်တော့ မကြားမိဘူး။ ပြီးခဲ့တဲ့ရက်ပိုင်း ရွာကလူတွေ ထမင်းကို အလှည့်ကျသွားချက်ပေးရသေးတယ်” ဟု ပြောသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို သြဂုတ် ၆ ရက်နေ့မှစတင်၍ ကိုးကန့်တပ်ဖွဲ့ MNDAA မှပြန်လွတ်ပေးလျက်ရှိရာ သြဂုတ် ၁၃ ရက်အထိ လူဦးရေ ၂,၀၀၀ ကျော် ပြန်လွတ်ပေးပြီးဖြစ်ကြောင်း MNDAA ၏ထုတ်ပြန်ချက်ကိုကိုးကားပြီး People’s Spring သတင်းဌာနက သြဂုတ် ၁၆ ရက်နေ့တွင် ဖော်ပြထားသည်။

သတင်းလင့်ခ် – https://archive.ph/KjdCk

သုံးသပ်ချက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင် ဖမ်းဆီးမိရသည့် စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင်များကို MNDAA မှ နေရာပြောင်းရွှေ့ထားကြောင်း မှန်ကန်သည်။
သို့သော် စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင်များကို MNDAA မှ အစာရေစာဖြတ်တောက်ထားခြင်း မရှိပေ။

ဒေသခံများ၏ပြောဆိုချက်အရ MNDAA မှဖမ်းဆီးရမိသော စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင်များအတွက် ကျေးရွာမှဒေသခံများက အလှည့်ကျထမင်းသွားချက်ပေးရခြင်းမျိုးရှိကြောင်း သိရသည်။

ဒေသခံတွင်း သတင်းဌာနနှင့် လွတ်လပ်သည့် သတင်းဌာနတွင် ဤအကြောင်းအရာနှင့် ပတ်သက်၍ ယခုတိုင်ထိသတင်းဖော်ပြထားခြင်းလည်း မရှိပေ။

ထိုကြောင့် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများကို MNDAA မှ အစာရေစာဖြတ်တောက်ဆိုသည့် ဖြန့်ချိမှုဟာ မှားယွင်းနေသည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...