ပွင့်လင်းရာသီတွင် စစ်တပ်မှ သျှမ်းမြောက်ကို အပြင်းထန်ထိုးစစ်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် စစ်တပ်နှင့် တပ်အာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA မှ ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီက သျှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး ဆုံးရှုံးလိုက်ရပြီး အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသဖြင့် ယခုပွင့်လင်းရာသီ ရောက်ချိန်တွင် သျှမ်းမြောက်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

နောင်ချိုမြို့ တောင်ခမ်းရွာရှိ ဘုန်းကြီးကျောင်းနှင့် စစ်ကောင်စီ၏ အမြောက်တပ်စခန်းဖြစ်သည့် (၃၅၄) တပ်စခန်း နေရာတွင် ယမန်နေ့ နိုင်ဝင်ဘာလ (၁၃)ရက်တွင် စစ်တပ်နှင့် TNLAတို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်မှ သိရသည်။

TNLA တပ်သား

“အခုလက်ရှိတောင်ခမ်း၊ အုမ္မတီးဖက်တော့ တော်တော် တိုက်ပွဲ ပြင်းထန်တယ်။ ဘယ်သူမှလဲ မသွားရဲကြဘူး။ ပေးမသွားဘူးလေ။ သူတို့ဂိတ်တွေ ချထားတာ။ စစ်တပ်ဖက်ကလည်း ဒရုန်းတွေနဲ့ လာလာစောင့်ကြည့်နေတယ်။ လူတွေမြင်ရင်တော့ ပစ်တယ်။ မမြင်ရင်တော့မပစ်ဘူး။” ဟု နောင်ချိုစစ်ရှောင်အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုစစ်ရှောင်အများစုမှာ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် ခက်ခဲပြီး နေ့စားလိုက်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း ၎င်းစစ်ရှောင်တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် စပါးနှင့် ပြောင်း ရိတ်သိမ်းချိန်ဖြစ်သော်လည်း တိုက်ပွဲပြန်လည် ပြင်းထန်လာသောကြောင့် ရိတ်သိမ်းခွင့်မရကာ လေယာဉ်ပါ ထပ်မံတိမ်းရှောင် နေရကြောင်း အမျိုးသား တစ်ဦးက ပြောသည်။

“အခုက ပြောင်းရိတ်ချိန်၊စပါးရိတ်သိမ်းချိန်လေ။ သွားလဲ မရိတ်သိမ်းရဲတော့ဘူး။ လေယာဉ်ကလဲ ဗုံးတွေ လာလာကြဲတော့ ကြောက်နေရတယ်။ အရင်နဲ့မတူတော့ဘူး။ပိုခက်ခဲလာတယ်။” ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ထိုပြင် ယမန်နေ့ ( နိုဝင်ဘာ ၁၃)ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားလျှက်ရှိသော နောင်ချိုမြို့ မကျီးရေရွာတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ရက် မွန်းလွှဲပိုင်းတွင်လည်း စစ်ကောင်စီသည် နောင်ချိုမြို့လယ်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသေဆုံးမှု ၁၁ဉီးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

” ဒီရက်ပိုင်းလည်း လေကြောင်းပစ်ခတ်မှုကပိုများလာတော့ တိုက်ပွဲတွေပိုပြင်းလာမယ်ထင်တယ်။ လမ်းကြောလည်းပိတ် ရိက္ခာလည်းပျက်ဖြစ်တော့မယ်။ တိုက်ပွဲတွေလည်း မြန်မြန်ပြီးချင်ပြီ” ဟု နောင်ချို ဒေသခံ အမျိုးသမီးတစ်ဉီးက ထပ်လောင်းပြောသည်။

သျှမ်းပြည်တောင်ပိုင်း၊ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ် အတွင်းသို့ စစ်အင်အားဖြည့်တင်းရန် ကြို့ပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA မှ ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...