မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကြောင့် သျှမ်းမြောက်တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာနေကြောင်း သိရသည်။

စစ်တပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ဂိတ် ၃ ခုအနက် ကုန်တင်ကားကြီးများဝင်ထွက်နိုင်သည့် ဂိတ်ကို (နိုဝင်ဘာ ၁၁ ရက်နေ့)တွင် တရုတ်က ပြန်ဖွင့်ပေးလိုက်ပြီး အခြားဂိတ်များမှ ကုန်စည်သယ်ယူမှုကို ထပ်တိုးတင်းကျပ်ထားသည်။

“အခု ခရမ်းချဉ်သီး ၁ ပိသာကို ၈,၀၀၀ ကျော်၊ ၉,၀၀၀ ဝန်းကျင်ရှိတယ်။ ၁ ပိသာမှာ အလုံး ၃၀ လောက်ပဲပါတာ။ ကြက်ဥဆိုရင်လည်း ၂ လုံးကို ၅၀၀ ကျော်၊ ၆၀၀ ဝန်းကျင်ရှိတယ်။ ကုန်ဈေးနှုန်းတွေကတော့ အမျိုးမျိုးတက်နေတာပဲ” ဟု လားရှိုးမြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကပြောသည်။

အလားတူ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

MNDAA ထိန်းချုပ်ပြီးနောက် လားရှိုးမြို့ မြင်ကွင်း

“အခုကကြက်ဥတစ်လုံးကို ၅၀၀ ရှိတယ်။ ခရမ်းချဥ်သီးက ၁ ပိဿ ၇,၀၀၀ ကျပ်၊ ဆီတပုံး ၁၆၀,၀၀၀ ကျပ်ရှိတယ်။ အလုပ်ကမရှိဘူး။ ကုန်ဈေးနှုန်းတွေကတက် အဆင်မပြေဘူး” ဟု ၎င်းအမျိုးသမီးကပြောသည်။

ကိုးကန့်တပ်မတော် MNDAA မှစတင်ထိန်းချုပ်လာကတည်းက လားရှိုးမြို့နှင့် သိန္နီ မြို့တွင် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေလျက်ရှိရာ ယခုတစ်ခါ မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ် ပိတ်ဆို့ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ အခွန်ကောက်ယူခြင်းတို့ကြောင့် ပို၍ကုန်ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိ လားရှိုးမြို့ အီနှိုင်းကျေးရွာတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဘီးလိမ့်ခွန် ကောက်ခံနေသလို လားရှိုး နမ့်ပေါင်တံတားတွင်လည်း ကိုးကန့်တပ်မတော် MNDAA မှ အခွန်ကောက်ခံနေကြောင်း ဒေသခံများကပြောသည်။

“အခုအီနှိုင်းမှာ TNLA ကောက်တာက ဘီးလိမ့်ခွန်ဆိုပြီး ကျပ် ၁ သောင်းကောက်တယ်။ သက်တမ်းက ၃ ရက်ရှိပါတယ်။ သက်တမ်းကုန်ရင် ထပ် ကျပ် ၁ သောင်းဆောင်ရတယ်။ နမ့်ပေါင် တံတားမှာလည်း MNDAA က ဘာအခွန်လို့လည်းမသေချာမပြော။ ဒီတိုင်းဖြတ်ပိုင်းလေးပေးပြီး ကျပ် ၁ သောင်းကောက်ပါတယ်။ လမ်းမှာလည်း SSPP နဲ့ စစ်ကောင်စီတွေကလည်း ကောက်ပါတယ်” ဟု လားရှိုမြို့ခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ထိုသို့ လက်နက်ကိုင်တပ်ဖွဲ့များအသီးသီး အခွန်ကောက်ယူနေခြင်းကြောင့် ကုန်သည်များသည် အခွန်ဆောင်ရသဖြင့် စားသုံးကုန်၊ လူသုံးကုန်များကို ဈေးတင်ရောင်းချရကြောင်း၊ စားသုံးသူများလည်း ဈေးကြီးပေးဝယ်ရသဖြင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

“စစ်ဒဏ်ကြောင့်စားဖို့သောက်ဖို့တောင်အနိုင်နိုင်ရုန်းကန်နေရချိန်မှာ အဖွဲ့ပေါင်းစုံကခုလိုအခွန်တွေ အများကြီး ကောက်ကြတော့ ပြည်သူတွေဘဝက နစ်သထက်နစ်ရုံပေါ့။ စိုက်ပျိုးရေးလုပ်တဲ့ပြည်သူတွေကျလည်း ကိုယ့်သီးနှံတွေ တင်ပို့ရောင်းချဖို့ လမ်းခရီးတွေကအဆင်မပြေ ကားဆီစျေးတွေကလည်းကြီး အခွန်တွေလည်း အဖွဲ့ပေါင်းစုံ ဆောင်ရ နဲ့ ကိုယ်ဝယ်စားရမဲ့ကုန်တွေကျလည်း အဆမတန်စျေးတွေကြီးနဲ့ အရမ်းခက်ခဲတာပေါ့” ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ် ကျင့်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်းနှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်တို့ကို ဇူလိုင်လမှစတင်၍ တရုတ်ဘက်မှ ပိတ်ထားသည်။

ထို့အပြင် ယူနန်ပြည်နယ် ကျယ်ဂေါင်မြို့နှင့် ထိစပ်နေသည့် ဂိတ်များအနက် မန့်ဝိန်းဂိတ်ပေါက်တစ်ခုတည်းမှသာ သတ်မှတ် ကုန်ကားများဖြင့် ကုန်သွယ်ခွင့်ပြုပြီး နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့မှ လုပ်ငန်းသုံးမဟုတ်သည့် ခရီးသည်တင်ယာဉ်၊ သုံးဘီး ဆိုင်ကယ်၊ လက်တွန်းလှည်းတို့ဖြင့်တစ်ပိုင်တစ်နိုင်သယ်ယူမှုများကို တရုတ်ဘက်က ပိတ်ပင်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...