နယ်စပ်ဂိတ်ပိတ်ဆိုင်းမှုကြောင့် ပြည်သူများဝမ်းရေး ရှာစားရ ပိုခက်လာ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် တရုတ်အာဏာပိုင်မှ နယ်စပ် ကို ပိတ်ပင်လိုက်ပြီးနောက် ဝမ်းရေးအတွက် ရှာဖွေလုပ်ကိုင်နေသည့် ပြည်သူများသည် စတင်အခက်ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။

စစ်အာဏာမသိမ်းခင် ကိုဗစ်-၁၉ ကာလမှစတင်ပြီး ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာရာ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းမှာ သျှမ်းပြည် တရုတ်-မြန်မာနယ်စပ်တွင်နေထိုင်သည့်သူများသည် စားဝတ်နေရေး ပိုခက်ခဲလာသည်။

ထို့အပြင် တရုတ်အာဏာပိုင်မှ နယ်စပ်ဂိတ်တွင် တရားမဝင် သွင်းကုန်၊ ထွက်ကုန်များကို တင်းကြပ်လိုက်ပြီး၊ တရုတ်ပြည်ဘက်မှ ကုန်များကို မြန်မာပြည်အတွင်းသို့ တရားမဝင် တင်သွင်းရန် မရတော့သဖြင့် ပြည်သူများ ဝမ်းရေးအတွက် အခက်အခဲဖြစ်လာကြောင်း မူဆယ်ဒေသခံများထံ သိရသည်။

“ အခုက တရုတ်ပြည်ဘက်ကနေ ဘာမှ ထုတ်လို့မရဘူး။ မူဆယ်က တရုတ်ဘက်က ကုန်စိမ်းကို အားကိုးနေရတာ။ တပိုင်တနိုင်လုပ်တဲ့သူတွေလည်း ဘာမှထုတ်လို့မရတော့ဘူး” ဟု မူဆယ် ကုန်စိမ်းရောင်းနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် တရုတ်အာဏာပိုင်များ၏ နယ်စပ်ဂိတ်ပိတ်လိုက်သည့်အတွက် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု၊ ဝင်ငွေရှားပါးမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေး ပိုကြပ်တည်းလာနိုင်ကြောင်း မူဆယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့နယ်သည့် တရုတ်နယ်စပ်မြို့ဖြစ်ပြီး တပိုင်တနိုင် ကုန်ကူးသန်းရောင်းဝယ်မှု အားကိုးရသည့် ဒေသဖြစ်ပြီး တရုတ်ပြည်ဘက်မှ ကုန်စည်များကို အားကိုးနေရသည့်မြို့ဖြစ်သော်လည်း တရုတ်အာဏာပိုင်များက (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် စတင်ပိတ်ဆိုင်းခဲ့သည်။

“ ဒီကလူတွေက တရုတ်ပြည်ကနေ တပိုင်တနိုင် ကုန်တွေဝယ်ပြီး ဒီဘက်ခြမ်းကို ပြန်ရောင်းတာ။ အခုက ဘာဆို ဘာမှ တင်သွင်းလို့မရတော့ အလုပ်လက်မဲ့တွေဖြစ်ကုန်ပြီလေ။ ဒါကလည်း စစ်ခေါင်းဆောင် တရုတ်ပြည်သွားပြီး နောက်ဖြစ်လာတဲ့ အကျိုးဆက်ပဲ” ဟု ၎င်း ကဆိုသည်။

အလားတူ တပိုင်တနိုင် စိုက်ပျိုးပြီး တရုတ်ပြည်ဘက်သို့ ရောင်းချနေသည့်သူများနှင့် မီးသွေးရောင်းဝယ်သည့် နမ့်ခမ်းဒေသခံများလည်း အခက်အခဲကြုံတွေ့နေရသည်။

“ အခုလို ဂိတ်တွေပိတ်တော့ ပိုဆိုးလာတာပေါ့။ ကုန်ဈေးနှုန်းက နေ့တိုင်းလိုလိုတက်လာတယ်။ ကျနော်တို့ စိုက်ပျိုးရေးလုပ်တဲ့သူကလည်း တရုတ်ဘက်ကိုတင်သွင်းမရ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး” ဟု အသက် ၄၀ အရွယ် နမ့်ခမ်းဒေသခံ အမျိုးသားက ဆိုသည်။

နမ့်ခမ်းမြို့မှ ထွက်သည့် ကောက်ပဲသီနှံနှင့် မီးသွေးများကို နောင်တောင်း နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ နမ့်ခမ်းမြို့ကို ထိန်းချုပ်ပြီးနောက် တရုတ်ဘက်မှ နယ်စပ်ဂိတ်ကို ပိတ်ဆိုင်းခဲ့သည်။

တရုတ်ဘက်ခြမ်း တွင်ပိတ်မိနေသည့် ကုန်သည်များ

တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ပြီးခဲ့သည့် (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။

ထိုနည်းတူ လက်ရှိတွင် သျှမ်းတောင်မှ မြောက်ပိုင်းသွားသည့် ရပ်စောက်-ကျောက်ဂူ လမ်းပိုင်း၊ ရပ်စောက်မြို့ အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယမန်နေ့ (နိုဝင်ဘာ ၁၂)ရက် နံနက် အစောပိုင်းတွင် ပိတ်ဆို့လိုက်သဖြင့် မြောက်ပိုင်းသွားမည့် ကားများ ပြန်လှည့်လာရကြောင်း သိရသည်။

“ ကျနော်အထင် သျှမ်းမြောက် တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်တဲ့နေရာကို စစ်ရေး ပိုလှုပ်ရှားမယ်။ ရိက္ခာဖြတ်တောက်မယ်။ လူထုကတော့ ပိုကြပ်တည်မယ်။ ကုန်စည်စီးဆင်းမှုလုံးဝမရအောင် စစ်တပ်ကလုပ်မှာပဲ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တရုတ်ခရီးစဉ်အပြန် သျှမ်းမြောက် တော်လှန်ရေး အင်အားစု သိမ်းပိုက်ထားသော နယ်မြေများကို နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲမှု စတင်လာပြီး အရပ်သားသေဆုံးမှု များလာကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...