ဖယ်ခုံ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးကြဲချမှုကြောင့် ဒေသခံများ ကြောက်လန့်နေ

သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကာလကျေးရွာ ကို စစ်ကောင်စီတပ်တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ကြောက်လန့်နေကြရကြောင်း စုံစမ်းသိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ ကာလရွာကို လေယာဉ်ဗုံးကြဲမှုကြောင့် စစ်ရှောင်နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာ အပြင်းထန်ရရှိခဲ့ကာ နေအိမ် ၆ လုံးခန့် ပျက်စီးသွားခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။

ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် ဒေသခံများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေပြီး ညဘက်တွင် ကောင်းမွန်စွာ အိပ်မရဲကြဘဲ ကြောက်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ

“တိုက်ပွဲဖြစ်ပွားတဲ့ ရွာလည်းမဟုတ်ဘူး။ ဘာမှမဆိုင်ဘဲ ဗုံးလာကြဲသွားတယ်။ စစ်ရှောင်နှစ်ဦးသေတယ်။ တစ်ဦးတော့ ဒဏ်ရာပြင်းတယ်။  အခုဆို ညဘက်တောင် ကောင်းကောင်း မအိပ်ရဲတော့ဘူး။ စိတ်တော့ တော်တော် ထိခိုက်သွားတယ်။” ဟု ဖယ်ခုံ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကာလရွာသည် လက်ရှိ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲဖြစ်ပွားနေသည့် ညောင်ရွှေမြို့နယ် လွယ်လုံ ကျေးရွာနှင့် အနီးတဝိုက်တွင် ရှိကြောင်း ၎င်းအမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်မှ ပြည်သူများကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် မဖြစ်သင့်ကြောင်းနှင့် လူမဆန်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း စစ်ရှာင်အမျိုးသားတစ်ဦးက ပြောသည်။

“စိတ်တောင်မကောင်းဘူး။ ဘာမှ မဆိုင်ပဲဗုံးကြဲခံရတော့။ အနီးနားက စစ်ရှောင်တွေက ကာလရွာမှာ စစ်ရှောင်နေကြတာလေ။ဒီလို ပြည်သူတွေ နေတဲ့နေရာကို ဗုံးလိုက်ကြဲတာက လူမဆန်တဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်။” ဟု ဖယ်ခုံ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့်နေအိမ်များ

လက်ရှိ ကာလကျေးရွာတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ရှိနေသော်လည်း ဒေသခံများ စစ်ဘေးမရှောင်ကြပဲ ကျေးရွာအတွင်း သတိကြီးစွာ နေထိုင်နေကြရသည်။

ဖယ်ခုံမြို့တွင် လူမရှိတော့သည့် ပြည်သူနေအိမ်များကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်တွင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နန်းဟူးရပ်ကွက် ဆေးရုံကုန်းအနီး နေအိမ်အများပြား မီးလောင်ပျက်စီးသွားခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...