သျှမ်းတောင်မှ သျှမ်းမြောက်သို့ သွားခွင့် စစ်ကောင်စီတပ် ရက်အကန့်အသတ်မရှိ ပိတ်ပင်

သျှမ်းတောင်၊ ရပ်စောက်မှ သျှမ်းမြောက်သို့ သွားရာလမ်းကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ယာဥ်မောင်းများက ယမန်နေ့ (နိုဝင်ဘာလ ၁၂) တွင် ပြောသည်။

သျှမ်းတောင်မှ မြောက်ပိုင်းသွားသည့် ရပ်စောက်-ကျောက်ဂူ လမ်းပိုင်း၊ ရပ်စောက်မြို့ အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယမန်နေ့ (နိုဝင်ဘာ ၁၂)ရက် နံနက် အစောပိုင်းတွင် ပိတ်ဆို့လိုက်သဖြင့် မြောက်ပိုင်းသွားမည့် ကားများ ပြန်လှည့်လာရသည်ဟု ယာဉ်မောင်း တဦးက ဆိုသည်။

“ရပ်စောက် အထွက် စစ်တပ် စစ်ဆေးရေးဂိတ်က မြောက်ပိုင်းသွားမယ့်ကားတွေ လုံးဝ ပေးမဖြတ်တော့ဘူး။ မြောက်ပိုင်းကလာတဲ့ ကားတွေကတော့ (တောင်ပိုင်း) လာလို့ရတယ်။ မြောက်ပိုင်းဘက် ပေးမသွားတော့တာ။ ဘယ်လောက်ကြာမလဲ ဆိုတာတော့ ဂိတ်က စစ်သားတွေလည်း မသိဘူး ပြောတယ်” ဟ ၎င်းကရှင်းပြသည်။

သျှမ်းတောင်-မြောက်ကို ဆက်သွယ်ထားသည့် ရပ်စောက်-အင်းတော- ကျောက်ဂူ- နမ့်လန်လမ်း သည် ကားအသွားအလာများသည့် လမ်းဖြစ်၍ ယခုကဲ့သို့ ပိတ်ပင်လိုက်သဖြင့် ခရီးသွားများ ပိုမို ဒုက္ခရောက်မည်ဟု တခြား ယာဉ်မောင်း တဦးက သုံးသပ်သည်။

ရပ်စောက်-ကျောက်ဂူလမ်းပိုင်း

“ဘာကြောင့် ပိတ်လဲတော့ မသိဘူး။ သျှမ်းမြောက်ကို ပေးမပြန်ချင်တဲ့ သဘော ထင်တာပဲ။ အဲလမ်းပိတ်လည်း တခြားလမ်းတွေကတော့ သွားနေကြမှာပဲလေ။ ခရီးသည်တွေ ပိုကုန်မယ် ပိုဒုက္ခခံရမယ်။ တကယ်ဆို ရပ်စောက် အထွက်ဂိတ်ပဲ စစ်တပ်ထိုင်နိုင်တာ၊ စစ်တပ်ဂိတ် အရှေ့နားမှာ သျှမ်းတပ် (SSPP) ထိုင်တယ်” ဟု ၎င်းကမှတ်ချက်ပြုသည်။

စစ်ကောင်စီက ၄င်းတို့ ဆုံးရှုံးထားသည့် သျှမ်းမြောက်ရှိ မြို့များကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေရာက ယခုကဲ့သို့ လမ်းပိတ်ဆို့ခြင်းသည် လားရှိုး ထိုးစစ် အတွက် ဖြစ်နိုင်သည်ဟု ထင်ကြေးပေးမှုများ ရှိနေရာ သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

စစ်ကောင်စီသည် သျှမ်းမြောက်မြို့များကို နေ့စဥ် ဗုံးကြဲနေရာ ယမန်နေ့ည မိးကုတ်မြို့ ဗုံးကြဲမှုနှင့် ယမန်နေ့ (နိုဝင်ဘာ ၁၂)ရက် မွန်းလွဲပိုင်း နောင်ချိုမြို့ ဗုံးကြဲမှုများကြောင့် အနည်းဆုံး အရပ်သား ပြည်သူ ၂၀ သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...