ပင်းလောင်းမြို့ တိုက်ပွဲများ ပြန်ဖြစ်ပွား
သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားသဖြင့် ဒေသခံများနေရပ်မပြန်ရသေး တောထဲတွင် တဲထိုးနေရကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့၏ တောင်ဘက် ဗန်းမောက် ၊ နမ့်ဖာမူ ၊ နောင်ဝိုးလွယ်ကျေးရွာ တကြောတွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စတင်၍ ယမန်နေ့ ( အောက်တိုဘာလ ၁ ရက်) နေ့ထိ...
သျှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့ရှိ မြို့မစျေးကို စစ်ကောင်စီတပ်က ဗုံးကြဲပြီးနောက် စျေးထဲရှိပစ္စည်း များ ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ ဝင်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂၁ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၃၀၀၀၀ ကျော်ရှိသည့် နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ် က...
သျှမ်းမြောက်တက်မည့် ကုန်တင်ကားများကို မန္တလေးအထွက်တွင် စစ်ကောင်စီ တင်းကြပ်စစ်ဆေး
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့များသို့ ရိက္ခာသယ်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ကောင်စီတပ်က မန္တလေးအထွက် (၁၆) မိုင်တိုးဂိတ်မှ စတင်ပြီး တားမြစ်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့်...
ရွာငံ သန်းခေါင်စာရင်းကောက်နေစဉ် စစ်မှုထမ်းရန်ခြိမ်းခြောက်
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့ မြောက်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူနေပြီး စစ်မှုထမ်းရန်ခြိမ်းခြောက်မှုများပါ ရှိနေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီမှ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ သန်းခါင်စာရင်းကောက်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ရွာငံမြို့နယ်အပါဝင် တခြားသော ဒေသများတွင်လည်း စစ်ကောင်စီက သန်းခေါင်စာရင်း စတင်ကောက်ခံနေကြောင်း...
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...
လားရှိုးတွင် စစ်တပ်မှလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၉ ဦးထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မန်နားကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲ တိုက်ခိုက်သဖြင့် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၃၀) ရက် ည ၁၀ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၁၂ ဘက်ရှိ ဟူးမွန် အုပ်စု မန်နားကျေးရွာ ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး...
နမ့်လန်မြို့အနီး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲကြား ခရီးသည်(၂) ဦး သေနတ်ကျည်ထိမှန်သေဆုံး
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နှစ်ဘက်တိုက်ပွဲအကြား ခရီးသည်(၂)ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၉) ရက် ည ၉ နာရီကျော်တွင် နမ့်လန်မြို့အနီး နားမခေါ်နှင့် ကောင်းဟက်ကျေးရွာ အကြား စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...
မိုင်းရယ်မြို့နယ် MNDAA စစ်အင်အားဖြည့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သို့စစ်အင်အားဖြည့်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်အင်အားများဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ကိုးကန့်တွေ နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေက...
လားရှိုးမြို့ ရပ်ကွက် (၈) စစ်ကောင်စီ ဗုံးကြဲမှု ထိခိုက်ပျက်စီးမှု များပြား
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို.၊ (၈) ရပ်ကွက်ကို ယမန်နေ့၊(စက်တင်ဘာလ ၂၈ ရက်) ည ၈ နာရီခွဲခန့် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လူနေအိမ်အဆောက်အအုံများစွာ သာမက ကားများ ထိခိုက် ပျက်စီးခဲ့ရကြောင်း မြို့ခံများက ပြောသည်။ ကိုးကန်တပ်- MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ပေါ် လေကြောင်းမှ...
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...






