ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ

သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူထားပြီး ထိပါးနှောင့်ယှက်မှုများ လုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ လမှ စပြီး နောင်တရားမြို့ စစ်ကောင်စိဂိတ်တွင် ကရင်နီနှင့် တခြားသော ပအိုဝ်းဒေသမှ ဖြတ်သန်းသွားလာသည့် စစ်ရှောင်များ အမျိုးသမီးများကို ဓာတ်ပုံများရိုက်ယူထားကြောင်းစစ်ဘေးရှောင်များကပြောသည်။

ထို့အပြင် ခန္ဓာကိုယ် အသားယူ ထိပါးနှောင့်ယှက်မှုများပါ လုပ်ဆောင်နေပြီး စစ်ရှောင် အမျိုုးသမီးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပြင် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ မရှိတော့ဟု ပင်လောင်းမြို့စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျမက စစ်ရှောင်ရာကနေ ခနအိမ်ပြန်ကြည့်တာပေါ့။ နောင်တရားဂိတ်မှာ စစ်တပ်သားတွေက မိန်းကလေးတွေဆို အကုန်ဆင်းခိုင်းတယ်။ ပြီးရင် တန်းစီခိုင်း ပြီး ဓာတ်ပုံတွေ ရိုက်ယူထားတာ။ ဘာလို့လဲ မေးတော့ လုံခြုံရေးအရလို့ ပြောတယ်။ ပြီးတော့ အမျိုးသမီး ငယ်ငယ်လေးတွေဆို အသားယူပြီး ခန္ဓာကိုယ် အကိုင်ခံရတာ။ ကြာတော့ ဘာမှ လုံခြုံမှုမရှိတော့ဘူး” ဟု ပအိုဝ်းအမျိုးသမီး စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိပါးနှောက်ယှက်မှုများတွင် အမျိုးသမီးငယ်များကို ပို၍ ထိပါးနှောင့်ယှက်နေပြီး အသက်ကြီး ရွယ် အမျိုးသမီးများကို ပုံသာလျှင် ရိုက်ယူထားကြောင်း ၎င်း အမျိုးသမီးက ထပ်လောင်း ပြောသည်။

ထိုသို့ စစ်တပ်ဂိတ်တွင် ထိပါးနှောင့်ယှက်မှု ရှိနေသဖြင့် အမျိုးသမီးများ အနေဖြင့် သွားလာရ အဆင်မပြေဖြစ်ပြီး စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြသည်။

“ အခုက နောင်တရား ဂိတ်ကို ဖြတ်ရမယ်ဆို လန့်နေပြီ။ အရေးကြီး သွားဖို့လိုရင်တောင် အဖော်ပါမှ သွားရဲတာ။ ခေတ်ကလည်း လုံးဝ ဆိုးနေပြီ။ ဒီပုံအတိုင်းဆို မုဒိန်းပါ ကျင့်ခံရမလားမသိဘူး။ ကြောက်နေရတယ်။ ကိုယ့်အိမ်မှာနေတာတောင် မလုံခြုံတော့တဲ့ အခြေနေဆိုတော့ သတိနဲ့နေရတာပေါ့” ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောသည်။

ယခုလို ထိပါးနှောင့်ယှက်ခံရသူမှာ စစ်ဘေးရှောင် သွားသည့် အမျိုးသမီးများကို ပိုမို လုပ်ဆောင်နေပြီး အမျိုးသမီးများအနေဖြင့် တစ်ယောက်တည်း မသွားလာဖို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက အကြံပေးပြောဆိုသည်။

ယခုလက်ရှိ ပင်လောင်းတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပအိုဝ်းပြည်သူနှင့် ကရင်နီလူမျိုးကြား သွေးကွဲမှုဖြစ်အောင် ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...