Sunday, May 5, 2024

CATEGORY

စစ်ရေး

ပင်လောင်း- ဖယ်ခုံ PNO တပ်ဖွဲ့မှ ရိက္ခာတင်ကားပိတ်၊ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ စျေးကြီးပေးဝယ်နေရ

သျှမ်း-ကရင်နီနယ်စပ် ပင်လောင်း-ဖယ်ခုံ လမ်းကြောတစ်ခုလုံးတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တို့က ရိက္ခာတင်ကားသွားလာမှု ပိတ်ပင်လိုက်သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာကို စျေးကြီးပေး ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။ ပင်လောင်းစစ်ရှောင် ပုံ- ဉီးဂျစ် ခရီးသွား Vlogker သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း-ဖယ်ခုံ လမ်းကြောကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့က...

နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်၊ အဝေးပြေးလမ်းမပေါ် ဖြတ်သန်းသွား၍ မရ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာအနီး စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ တော်လှန်ရေး ပူးပေါင်း PDF တို့အကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် ပြည်သူများဖြတ်သန်းသွားလာ၍ မရသေးကြောင်း သတင်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၂၆) ရက် နံနက်အစောပိုင်းအချိန်တွင် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာအနီး...

သျှမ်းမြောက် စစ်ကောင်စီနှင့် KIA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲကြား ထိခိုက်သေဆုံးမှုများနေ

သျှမ်းမြောက် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်ဖွဲ့ ထိခိုက်သေဆုံးမှုများရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၉)ရက်တွင် မုံးပေါ် နှင့် မိုးကုံးကြားရှိ ဝိန်းလတောင်စခန်း (စစ်ကောင်စီစခန်း) တစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆...

ရွာငံ – မန္တလေး လမ်းမကြီးပေါ် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်

ရွာငံ - မန္တလေး သွားသည့် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများက ယခင်ကထက် စစ်ဆေးမှု တင်းကြပ်နေကြောင်း ဒေသခံများထံ သတင်းသိရသည်။ သျှမ်းပြည် ရွာငံမြို့ နယ် ရေဦးကျေးရွာရှိ လမ်းမကြီးပေါ်တွင် အောက်တိုဘာလ ပထမပတ်လောက်မှ စ၍ ယခုချိန်ထိ စစ်ကောင်စီတပ်သားများက ယခင်ကထက် ကား၊ ဆိုင်ကယ် နှင့်...

မိုးကုတ်နှင့်နမ့်ခမ်းမြို့နယ် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်၊ စကစဘက် ထိခိုက်ကျဆုံးမှုများ

မိုးကုတ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး၊ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ကြေညာခဲ့သည်။ ယမန်နေ့ (အောက်တိုဘာ ၂၁)ရက် နံနက် ၁၀နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်အတွင်း စယ်နေ နှင့် ဖာပြန်ရွာအကြား TNLA တပ်ကို...

ခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၃ ဦးသေဆုံး။ ၂ ဦးဒဏ်ရာရ

တောင်ကြီးခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး(DPLF)ထံမှ စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၁) ရက် နံနက် ၈ နာရီအချိန်တွင် ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတဝိုက် စခန်းချပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းအား ရေဦးလမ်းမကြီး‌ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား...

မူဆယ်မြို့နယ် စစ်ကောင်စီစခန်းတခုကို KIA နှင့် MNDAA ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် မူဆယ်မြို့နယ် မိုင်းယနှင့် မုံးပေါ် ကြားရှိ စစ်ကောင်စီစခန်းတခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မိုင်းယ နှင့် မုံးပေါ်ကြားရှိ...

သိန္နီမြို့နယ် SSPPတပ်ဖွဲ့က ရွာသားများကို ဗုံးခိုကျင်းတူးရန် သတိပေးလာ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ ကျေးရွာများကို ဗုံးခိုကျင်းတူးထားရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့က သတိပေးလာသည်ဟု သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရသည်။ စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦးTNLA နှင့် ကိုးကန့် MNDAAတပ်တို့ကို ရုတ်တရက် စစ်ဆင်ရေးပြုလုပ်လာလျှင် ပြည်သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် မိမိနေအိမ်ခြံဝင်းအတွင်း ဗုံးခိုကျင်းတူးထားရန်...

စယ်လန့်ကျေးရွာ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်၊ ကလေးများကျောင်းပြန်ပိတ်ရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ရွာတွင် စစ်ကောင်စီသည် ဆုတောင်းပြည့်တောင်ပေါ် စခန်းချမှနေပြီး လွိုင်တေးမိန်းတောင်ပေါ် ဘုရားသို့ လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ (အောက်တိုဘာလ ၁၉) ရက် နံနက်ပိုင်းအချိန်မှစပြီး ဆုတောင်းပြည့်တောင်ပေါ် ဘုရားနေမှနေ၍ စစ်ကောင်စီသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး...

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲကြောင့် နောင်ချိုဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နောင်ချိုမြို့နယ် ဒိုးပင်ရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် မန္တလေးPDFတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများက လုံခြုံရေးအခြေအနေ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၉ ရက်တွင် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ဒိုးပင်ကျေးရွာအနီး စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၅၂ စစ်ကြောင်းနှင့် မန္တလေးPDF တို့ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး...

Latest news