Saturday, May 18, 2024

CATEGORY

စစ်ရေး

သျှမ်းပြည် စစ်ရှောင် ၂ သောင်း နီးပါးရှိလာ၊ စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်

သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက်ရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂သောင်းနီးပါးထိရှိလာပြီး၊ စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေသည်ဟု စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “စစ်ဆင်ရေး-၁၀၂၇”ကြောင့် ယနေ့ (အောက်တိုဘာ ၃၁)ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ နောင်ချို၊ ကျောက်မဲ...

နမ့်ဖတ်ကာ လမ်းမပေါ် လက်နက်ကြီးကျ အမျိုးသမီးအပါအဝင် လူငယ် ၃ ဦးသေဆုံး

သျှမ်းပြည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုကားလမ်းပေါ်ရှိ နမ့်ဖတ်ကာကျေးရွာတွင် လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲမှုကြောင့် အမျိုးသမီးအပါအဝင် လူငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) ညနေပိုင်း ၅ နာရီကျော်တွင် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုကားလမ်းပေါ်ရှိ နမ့်ဖတ်ကားကျေးရွာ မောရှမ်းစားသောက်ဆိုင် ရှေ့သို့...

MNDAA ချင်းရွှေဟော်မြို့ ကို ထိန်းချုပ်ထား

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ (အောက်တိုလာလ ၂၇)မှ စတင်ခဲ့ပြီး ညီနောက်မဟာမိတ် ၃ ဖွဲ့ သည် ချင်းရွှေဟော်မြို့ ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ချင်းရွှေဟော်မြို့မှာတော့ ကျနော်တို့ တပ်ထိုင်ထားပါတယ်။ စစ်ကောင်စီလုံးဝမရှိတော့တဲ့ အနေအထားဖြစ် ပါတယ်”ဟု လီကျာဝင်း...

သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီတပ်က သတင်းဖုံးဖိ တင်းကျပ်ထား

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီတပ်က သတင်းဖုံးဖိထားရန် ကြိုးပမ်းလာပြီး စစ်ဘေးရှောင်များ၏ ဖုန်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၃၀ ရက်)နေ့က သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်သားများ ရောက်လာပြီး စစ်ဘေးရှောင်များ၏ မိုဘိုင်းဖုန်းထဲရှိ ဓာတ်ပုံများကို စစ်ဆေးမည်ဟု ပြောဆိုကြောင်း သိန္နီမြို့ရှိ...

မူဆယ်ခရိုင် နမ့်ခမ်းနှင့် ပန်ဆိုင်း တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်နှင့် ပန်ဆိုင်း (ကြူကုတ်)မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီအချိန်မှစပြီး နမ့်ခမ်းမြို့နယ် မန်ခမ်းရွာနှင့် စယ်ဟိုင်းရွာ အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

နောင်ချို စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေ၊ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော် ရှိလာ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းကို ထိမှန်ခဲ့ပြီး...

သျှမ်းမြောက် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်

သျှမ်းပြည် မြောက်ပိုင်း “ ၁၀၂၇” စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် သတင်းအချက်အလက်အရ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အပါအဝင် စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် သိန္နီမြို့၊ လောက်ကိုင်မြို့၊ လားရှိုးမြို့တို့တွင် ကုန်စျေးနှုန်း တစ်ဆစီ ခုန်တက်သွားသည်။ လက်ရှိ ကုန်စျေးနှုန်းများသည့် ကုန်သည်များ၏ လက်ထဲတွင်...

သိန္နီမြို့အဝင် တံတားကြီးကျိုး

သျှမ်းပြည် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ် ရှိ သိန္နီမြို့အဝင် တံတား ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းအချိန်တွင် ကျိုးကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀) နံနက်ပိုင်းအချိန်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သိန္နီမြို့အဝင်မှ ကုန်သွယ်ရေးလမ်းကြောင်းအတွက် ဆက်သွယ်ထားသော တံတား (အဓိကကျသည့် တံတားကြီး)...

သိန္နီမြို့ လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၂၀ ကျော် ပျက်စီး

သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် လက်နက်ကြီးသည် သိန္နီမြို့အနီးရှိ ခူးဝိန်းနှင့်တိုက်ယက်ကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူနေအိမ် ၂၀...

သိန္နီမြို့နယ်အတွင်း (၃) ရက် ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက် ဆက်သွယ်ရေး အခက်အခဲဖြစ်

သျှမ်းပြည် သိန္နီမြို့နယ်အတွင်း (၃) ည ဆက်တိုက် လျှပ်စစ်မီးပြတ်တောက်သည့်အတွက် ဒေသခံ ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ တို့ ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက် မှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ...

Latest news