လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့၌ လူ ၅၀၀ နီးပါးထိခိုက်ဒဏ်ရာရဟု သတင်းအမှားဖြန့်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ကိုးကန့်၊ တအာင်း (ပလောင်) နှင့် ဂေါ်ရခါးလူမျိုးများ သေဆုံး၊ ပိတ်မိ၊ ပျောက်ဆုံးနေပြီး ဒဏ်ရာရရှိသူ ၅၀၀ နီးပါးရှိကြောင်း သတင်းအမှား ဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချယ်နယ်လ်တစ်ခုဖြစ်သည့် Kyaw Swar ချန်နယ်လ်က ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၅၀၀ နီးပါးရှိကြောင်း ကနဦးသိရသည်ဟု ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် မိုးကုတ်မြို့ ဂေါက်ကွင်း၌ ကျောက်တူးနေသည့် TNLA အကြီးပိုင်းများနှင့် ကွင်းထဲရောက်နေသူများရှိချိန် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့၍ ထိခိုက်သေဆုံးမှု များပြားကြောင်း သခင်ဦး ချန်နယ်လ်က ဖြန့်ချိနေသည်။

ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၃၈,၀၀၀ ကျော်ရှိပြီး Kyaw Swar ချန်နယ်လ်အပြင် စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များဖြစ်သည့် သခင်ဦး ချန်နယ်လ်၊ ရဲရင့်ထက် ချန်နယ်လ်များကပါ ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.ph/iNs3i

ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/xyBb3

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ ချဲ့ကားရေးသား ဝါဒဖြန့်ချိထားသည်ကို တွေ့ရသည်။

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှင့် ဘုန်းကြီးကျောင်း ပျက်စီးမှုများ ရှိခဲ့သော်လည်း ဒေသခံ ပြည်သူလူထုထိခိုက်သေဆုံးမှု တစ်စုံတရာမသိရသေးကြောင်း TNLA က ဇန်နဝါရီလ ၈ ရက်တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂေါက်ကွင်းတွင် ဗုံး (၁၄) လုံးနှင့် မစိုးရိမ်ကျောင်းတိုက်တွင် ဗုံး (၅) လုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် (၅) လုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဉ် (၁) စီး ပျက်စီးသွားခဲ့သည်ဟု ဖော်ပြသည်။

ထုတ်ပြန်ချက် – https://t.me/taangtv2023/4527

ထို့ပြင် မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျောက်ဆင်၊ ဘော်မားရက်ကွက်ကိုလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တစ်ခါကြဲလျှင် ဗုံး (၆) လုံးထက်မက ကြဲချကြောင်း မိုးကုတ်မြို့ခံများက ပြောဆိုအတည်ပြုမှုဖြင့် People’s Spring က ဖော်ပြသည်။

သတင်းလင့်ခ် – https://www.ludunwayoo.com/news-mm/2025/01/09/108555/

ထိုကိစ္စနှင့် ပတ်သက်၍ မိုးကုတ်မြို့ ဒေသခံတစ်ဦးကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းကြည့်သည့်အခါ “ဂေါက်ကွင်းထဲကို လာကြဲတာ။ လူမထိဘူး။ ဂေါက်ကွင်းက အရပ်သားပြည်သူတွေ ဝင်မရဘူး။ အဲ့ဒီထဲမှာ TNLA နဲ့ တရုတ်တွေပေါင်းပြီး ကျောက်တူးနေတာတော့ရှိတယ်” ဟု ပြောသည်။

သုံးသပ်ချက်

ထိုကြောင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့၌ လူ ၅၀၀ နီးပါး ထိခိုက်ဒဏ်ရာရကြောင်း ဆိုသည့်အကြောင်းအရာက မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက သတင်းကို ချဲ့ကားရေးသား ဝါဒဖြန့်ချိနေခြင်းဖြစ်ပြီး အများပြည်သူကို ထိတ်လန့်စေအောင် ဖန်တီးရေးသားဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးတိုင်း အရပ်သားပြည်သူမဲ့ ဧရိယာဟု လိမ်လည်ဝါဒဖြန့်ပြီး တော်လှန်းရေးလက်နက်ကိုင် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်များက အစဉ်အမြဲသတင်းအမှားဖြ န့်ချိလျက်ရှိသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အချက်အလက်စစ်ဆေးထားတာများကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

လင့်ခ် – https://shorturl.at/wRO8Z , https://shorturl.at/nnS4o

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများသို့ သွားရောက်ဖတ်ရှုကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းအမှားဟု ယူဆရသော သတင်းများကိုလည်း သျှမ်းသံတော်ဆင့်မှတစ်ဆင့် သတင်း၏ လင့်ခ် သို့မဟုတ် Screenshort ပုံ ပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...