ကျောက်ဂူ စစ်ကောင်စီနှင့် DPLF တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုအမျိုးသားလွတ်မြောက်ရေး တပ်ဦး (DPLF)တပ်ဖွဲ့ဝင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် (ဇန်နဝါရီ ၁၁ ရက်)နေ့မှ ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နေ့အထိ စစ်ကောင်စီနှင့် ဓနုတပ် (DPLF) တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး ကျောက်ဂူဒေသခံ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ရွာအတွင်းထဲတော့ မရောက်သေးဘူး ရွာဘေးက ရွာတွေမှာဖြစ်တာ မနေ့က ညနေ ၂ နာရီလောက် ရွာအတွင်းထဲကို ဝင်ပြီး တိုက်ပွဲဖြစ်တာ။ ကျနော်တို့လည်း ယူစရာရှိတာ မြန်မြန်ယူပြီး ရွာလုံးကျွတ်ကို ထွက်ပြေးကုန်ကြတယ်။ ပြန်လည်းမပြန်ရဲဘူး။ တောင်ယာတွေထဲ ပြေးနေနေတာတောင် လက်နက်သံတွေ ကြားနေရတုန်း”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်ဂူအနီးတဝိုက် ပယင်းကျေးရွာ၊ ထမင်းပေါင်းကျေးရွာနှင့်နောင်ဝိုးကျေးရွာ စသည့် ကျေးရွာငယ်များတွင် နေ့စဉ်လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြုလုပ်နေကြောင်း ဒေသအားလုံးနီးပါး ထပ်မံတိမ်းရှောင်နေရကြောင်း နောင်ဝိုးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

DPLA/DPLF

စစ်ကောင်စီတပ်သည် ကျေးရွာဒေသများတွင် လေ‌ကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်အင်အားထပ်မံဖြည့်တင်းနေကြောင်း ၎င်းက ဆက်ပြောသည်။

“လွန်ခဲတဲ့ ၂ ရက်ကတော့ ညနေလောက်ပစ်ကြတယ်။ အခုတော့ တချို့ရွာတွေထဲဝင်ပြီး တိုက်တာတွေရှိတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း လုပ်တယ်။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကလည်း ကျောက်ဂူက ဘုန်းကြီးကျောင်းထိ သွားတယ်။ ထိခိုက် သေဆုံးတဲ့သူလည်း ရှိတယ်။ အဲဘက်က တော်တော်ဆိုးနေတယ်ခု။ ကျောက်ဂူကနေ နောင်ဝိုးထိ ထွက်ပြေးလာတဲ့သူတွေလည်း ရှိတယ်။ ဈေးထဲမှာနေဖို့ နေရာတွေ ချပေးထာတာရှိတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ကျောက်ဂူတိုက်ပွဲအခြေနေမှတစ်ဆင့် ရပ်စောက်မြို့တွင်း စစ်မီးကူးလာနိုင်ခြေရှိနေကြောင်း DPLF/DPLA ဥက္ကဌ ကိုထွန်းထွန်းနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရပ်စောက်မြို့တွင်းထဲမှာ ဘယ်ချိန်လိုတော့ ပြောလို့မရပေမယ့် တိုက်ပွဲက ကျိန်သေဖြစ်လာနိုင်တယ်။ မတိုက်လို့လည်း အပြီးဘူးဆိုတော့။ ကျနော်တို့က မတိုက်ဘူးလို့ ပြောအုံးလည်း မထူးပါဘူး။ တိုက်မယ်လို့ သိနေပြီးသား အခြေနေပါ”ဟု ၎င်းက ပြောသည်။

သျှမ်းတောင်နှင့် မြောက် ဆက်သွယ်ရာ အချက်အချာကျသည့် ကျောက်ဂူဒေသမှ နောင်ချိုမြို့နယ် တောင်ခမ်းဒေသသို့ စစ်ကောင်စီတပ် စစ်ကူများ ပေးပို့နေရာ ဓနုတပ် (DPLF) က ဆက်တိုက် ဖြတ်တောက် တိုက်ခိုက်ရာက ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၈ ရက်)နေ့နံနက်ပိုင်းမှ စတင်၍ ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင်း ပြည်သူ ထိခိုက် သေဆုံးမှုရှိပြီး ကျောက်ဂူအဝင် တံတား ပျက်စီးသွားကြောင်း သိရသည်။

ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာ ကတည်းက တော်လှန်ရေးတပ်များ လှုပ်ရှားခဲ့ရာ လက်ရှိ သျှမ်းတပ် နှစ်ခုဖြစ်သည့် RCSS နှင့် SSPP တို့လည်း လှုပ်ရှားနေပြီး မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

စစ်ကောင်စီ၏ ဗထူးတပ်မြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် ကျောက်ဂူဒေသရှိ ရဲစခန်းနှင့် ကျောက်ဂူ အမြောက်တပ် (အမတ၃၄၉) ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် တောင်ထိပ်ရွာနှင့် အင်တောမြို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒရုန်း တစီး သိမ်းပိုက်ရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...