လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု TNLA ပြော

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး”အတွင်း ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ (၃) ရက်မှ (၇) ရက်အထိ PSLF/TNLA ယာယီဌာနချုပ်တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် တအာင်း(ပလောင်) တပ်မတော်ကို တပ်မဟာ (၉)ခု အဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ ထိန်းချုပ်မြို့များကိုလည်း အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြို့ (၁၈) မြို့ ပါဝင်သည့် ခရိုင် (၅)အဖြစ် ပြင်ဆင်စုဖွဲ့ရန် သဘောတူခဲ့ကြကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိန်းချုပ်ထားသည့် မြို့(၁၂) မြို့တို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို TNLA မှ ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေး ခေါ်လုပ်တုန်းက ၂၀၂၅ ထဲ လူထုအစိုးရ ပေါ်လာအောင် လုပ်မယ်လို့တော့ ပြောတယ်၊ အဲ့တာအတွက် လှုပ်ရှားနေတာလည်း အခုနှစ်စအထိ ဘာမှတော့ မတွေ့ရသေးဘူး။ တစ်နှစ်ကျော်သွားပြီဆိုတော့ လိုအပ်ချက်ကတော့ အများကြီး ရှိသေးတယ်။ မြန်မြန်နဲ့ မှန်မှန်လုပ်နိုင်ရင်တော့ လူထုအတွက် ဘက်အားလုံးအတွက် အကျိုးရှိနိုင်တာပေါ့”ဟု နမ့်ခမ်းဒေသခံ အသက် (၄၀)ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – ယမန်နှစ် ဒီဇင်ဘာလအတွင်း လုံခြုံရေး ကင်းလှည့်နေသည့် TNLA ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – TNLA)

ယမန်နှစ် ၂၀၂၄ ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် TNLA နှစ်ပတ်လည် အစည်းအဝေးတွင် ထိန်းချုပ်မြို့များ၌ ၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒ အခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ဖူးသည်။

တော်လှန်ရေးအင်အားစုများက ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေကြသဖြင့် စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရပြီး တော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို မြင့်တင်ကာ အောင်ပွဲရယူရန် အချိန်အခါကောင်း ဖြစ်ကြောင်းလည်း ဆိုထားသည်။

ပုံစာ – ယမန်နှစ် ဒီဇင်ဘာလအတွင်း လုံခြုံရေး ကင်းလှည့်နေသည့် TNLA ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – TNLA)

TNLA အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့ (၇)မြို့တို့ကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယပိုင်းတွင် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါ (၅) မြို့တို့ကို ထပ်မံထိန်းချုပ်နိုင်ပြီး စုစုပေါင်း (၁၂) မြို့တွင် အုပ်ချုပ်ရေး ယန္တရားများ စတင်ဖော်ဆောင်နေသည်။

အခြားတဘက်တွင် နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ စစ်ကောင်စီနှင့် နှစ်ဘက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ၂၀၂၄ နိုဝင်ဘာလ (၂၅) ရက်က TNLA မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...