မိုးမိတ်မြို့နယ်အတွင်း SSPP မှ လူထုတွေ့ဆုံပွဲပြုလုပ်

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် သျှမ်းတပ် SSPP/SSA မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စများ ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ (၇) ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA မှ မန်ဖွယ်ရွာသစ်၊ မန်အုံ၊ မိုးဘုံ၊ မန်ပတ်၊ လယ်ကြီးနှင့် မန်ကျည်းပင်ကျေးရွာရှိ ပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ပြီး အုပ်ချုပ်ရေး၊ ပညာရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ပြောဆိုခဲ့‌ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

“မန်ဖွယ်၊ မန်အုံ၊ မိုးဘုံတို့ဘက်၊ မန်ဖွယ်ရွာသစ်က စတယ်။ သျှမ်းတပ်က မန်ဖွယ်၊ အထက်မန်ကျည်းပင်ရွာနဲ့ မန်အုံမှာ လုံခြုံရေး ယူထားတာပေါ့။ အဲ့လိုမျိုး ခေါ်ပြီးတော့ ဟောပြောတာ၊ သူကတော့ အမှန်က မိုးမိတ်ကို ပတ်ပြီး ဝိုင်းနေတာ”ဟု မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံ (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း SSPP/SSA သတင်းများ ထုတ်ပြန်နေသည့် SSPP Info မှ ယမန်နေ့ (ဇန်နဝါရီ ၉ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

ပုံစာ – မိုးမိတ်မြို့နယ် ဒေသခံများကို SSPP/SSA မှ လူထုတွေ့ဆုံပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – SSPP Info)

“SSPP က ဆေးဖြတ်ပေးမယ်ဆိုပြီးတော့ မူးယစ်ဆေးဝါး ထိန်းသိမ်းရေးစီမံချက်တော့ လုပ်တယ်။ အဲ့တာကလည်း ရွာထဲမှာ ဆေး(ယာဘ)ရောင်းတဲ့သူရှိရင် သတင်းပို့၊ ရှူတဲ့လူရှိရင် သတင်းပို့ ဆိုပြီးမှ ဥက္ကဋ္ဌတွေဆီကို သတင်းပို့ထားတာရှိတယ်။ လုပ်တဲ့လူရှိရင် ဝင်ဖမ်းမယ်၊ ဒဏ်ရိုက်မယ်ပေါ့နော် အဲ့လိုမျိုးပေါ့”ဟု မိုးမိတ်မြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

ယမန်နှစ် ဇူလိုင်လလယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က မိုးမိတ်မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် မြို့ပေါ်တွင် ၎င်းတို့နေရာယူထားပြီး မြို့အရှေ့ဘက်တွင် သျှမ်းတပ် SSPP/SSA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ကလည်းကောင်း၊ မြို့အနောက်ဘက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် PDF တပ်ဖွဲ့တို့က အသီးသီး နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။

“တပ်နဲ့ကျတော့လည်း တွင်းငယ်မှာ TNLA က တိုက်ပွဲဖြစ်နေတယ်။ အထက်ဘက်ကျတော့လည်း KIA နဲ့ သျှမ်းနဲ့က ဘေးကနေ ပတ်နေတယ်၊ TNLA ကတော့ မြို့ထဲမှာပဲ။ အနောက်ဘက်ကျတော့ ကျောင်းသားတပ် ABSDF နဲ့ PDF ရှိတယ်။ အခြေအနေ ရှုပ်တယ်ဆိုတာ ရပ်ကွက်ထဲ နေတဲ့လူကတော့ ကျီးလန့်စာစား နေရတာပေါ့”ဟု မိုးမိတ်မြို့ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

မိုးမိတ်မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ တပ်စခန်းအချို့ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ်ကြောင့် လကုန်ပိုင်းတွင် မိုးမိတ်မြို့ကို ပြန်လည်လက်လွှတ်ခဲ့ရပြီး မဘိမ်းမြို့ကိုသာ KIA တပ်ဖွဲ့မှ ဆက်လက်ထိန်းချုပ်ထားသည်။

၎င်းနောက် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း TNLA နှင့် ပူးပေါင်းတပ်များက မိုးမိတ်မြို့ကို ယမန်နှစ် ဇူလိုင်လတွင် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် မြို့ပေါ်ကို ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမိတ်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အများအပြား အခြေစိုက်လှုပ်ရှားပြီး မန္တလေးတိုင်းရှိ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်ပြီး စစ်ရေးအရလည်း အရေးပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...