လွိုင်လင်လေး လက်နက်ကြီးကြောင့် ကလေး ၂ဦးသေဆုံ၊ နှစ် ဦးဒဏ်ရာရ

ကရင်နီပြည် ၊လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အနောက်ဘက်ခြမ်းရှိ အိုင်စန့်ကျေးရွာကြားကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ကလေး ၂ဦးသေဆုံးကာ နှစ်ဉီးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်၏ လွိုင်လင်လေးအခြေစိုက် ခြေမြန်မတပ်ရင်း ( ခမရ -၅၃၀)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အိုင်စန့်ကျေးရွာရှိ ၁၂ နှစ်အောက် ကလေးငယ် ၂ဦး သေဆုံးပြီး လသားအရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသူလည်း ရှိနေသည်ဟု မြေပြင်သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က လွိုင်လင်လေးတပ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ၁၂ နှစ်အောက်ကလေးငယ် ၂ ဦးသေဆုံးသွားတယ်။ လသားတစ်ဦးကျတော့ လက်တဖက်ပြတ်သွားတယ်။ အမျိုးသမီးတစ်ဉီးကတော့ ဒဏ်ရာအနည်းငယ်ရတယ်။တော်လှန်ရေးတပ်အဖွဲ့က တက်နိုင်တဲ့ဘက်ကနေ ကူညီပေးပြီး ဆေးရုံကို ပို့ပေးခဲ့တယ်”ဟု ၎င်းက ပြောသည်။

၎င်းကျေးရွာဘက်သို့ ပစ်လိုက်သည့် လက်နက်ကြီးဟာ ဆီဆိုင်တိုက်ပွဲအပြီးတွင် ပြန်သွားသည့် ရဲဘော်များကို ပစ်ခတ်လိုက်သည့် လက်နက်ကြီးဖြစ်ပြီး၊ ထိုလက်နက်ကြီးသည် ၎င်းကျေးရွာကို ထိသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားက ပြောသည်။

“လွိုင်လင်လေးနဲ့ဆီဆိုင်က ၁၀ မိုင်လောက်ကွာဝေးတယ်။ အဲကနေ့လှန်းပစ်တဲ့ လက်နက်ကြီးက ကျေးရွာတွေမှာ ကျသွားတယ်။ သူတို့က ရဲဘော်တွေ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တော့ ဒေသခံတွေကို ထိကုန်ကြတယ်။ အခုတလော လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်မှု ပြုလုပ်နေတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်သည် ကယားပြည်(ကရင်နီ)နယ်စပ် တကြောရှိ စစ်ရှောင်စခန်းများကို ဆက်တိုက်ဗုံးကြဲမှု ပြုလုပ်လာခြင်းကြောင်း စစ်ရှောင်ဒေသခံများ စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်မှ ယခင်လို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ရှုတ်ချပြီး မိဘပြည်သူအနေဖြင့် လေကြောင်းရန် သတိပြုဖို့ ထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့နှင့် မိုးဗြဲမြို့ကို ပြည်လည် ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...