ရွာငံစစ်ရှောင်များအတွက် အမျိုးသမီးလစဉ်သုံးနှင့် စားနပ်ရိက္ခာများ အကူညီလိုအပ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ စစ်ရှောင်များအတွက် အမျိုးသမီးလစဉ်သုံးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်) နေ့ ရွာငံမြို့နယ် ၊ရနဲ ကျေးရွာအုပ်စု မင်းပလောင်ကျေးရွာတွင် စစ်ကောင်စီနှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မင်းပလောင်ကျေးရွာကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မင်းပလောင်ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းနှင့် တောတောင်တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရကာ အမျိုးသမီး လစဉ်သုံးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

“တစ်ရွာလုံးမီးရှို့သွားတာဆိုတော့ ဘာမှမကျန်တော့ဘူး။ စပါးတွေပါရှို့သွားတဲ့အတွက် စားနပ်ရိက္ခာအပါအဝင် အမိုးအကာ တွေပိုလိုတယ်။အမျိုးသမီး လစဉ်သုံးတွေလည်း လိုအပ်တယ်။ ကျနော်တို့လည်း တတ်နိုင်သလောက် အလှူခံပေမဲ့ လူဉီးရေ (၈၀၀) ဆိုတော့မလုံလောက်ဘူး။” ဟု အဆိုပါ စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံ စစ်ဘေးရှောင်များ

ယခုလက်ရှိစစ်ရှောင်များသည် အလှူရှင် အနည်းစု လာရောက်လှူထားသည့် ရိက္ခာခြောက်အနည်းငယ်ကို ခွဲဝေစားသောက်ကာ ဝမ်းရေးဖြေရှင်းနေကြရသည်ဟု ၎င်း စစ်ရှောင်ကူညီနေသူက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်ကောင်စီများက စစ်ရှောင်ရှိသည့် နေရာကိုအချိန်မရွေးလာရောက် စီးနင်းနိုင်သောကြောင့် စိုးရိမ်စိတ်ဖြင့် နေနေကြရသည်ဟု စစ်ရှောင်နေသူ တစ်ဦးက ပြောသည်။

“အချိန်မရွေး စစ်ကောင်စီက ပြန်ဝင်လာနိုင်တော့ ယောကျာ်းလေးတွေ၊ လူကြီးတွေ အတွက် ပိုပြီး စိုးရိမ်မိတယ်။ စစ်ရှောင်နေရတာတောင် စိတ်မလုံခြုံဘူး။ အပြည့်ဝ ကာကွယ်ပေးမဲ့ အဖွဲ့အစည်းလည်း မရှိတော့ အခြေအနေက ပိုဆိုးမှာပဲ စိုးရိမ်တယ်။” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ ရွာငံတွင် စစ်ရေးအရ ငြိမ်သက်နေပြီး ပွင့်လင်းရာသီဖြစ်သဖြင့် စစ်ကောင်စီနှင့် ဓနုလက်နက်ကိုင်များ စစ်ရေးဖော်ဆောင်လာမည်ကိုပါ ဒေသခံများ စိုးရိမ်လျှက်ရှိကြသည်။

ရွာငံမြို့နယ်တွင် စစ်တပ်မှ PDFများနှင့် ဆက်စပ်သည့် နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုကဲ့သို့ ရွာလုံးကျွတ်မီးရှို့ခံရမှုဖြစ်စဉ်သည် ပထမဆုံး ဖြစ်ရပ်တစ်ခုဖြစ် သည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...