သျှမ်းမြောက်သို့ စစ်ကောင်စီ ကုန်စီးဆင်းမှု ပိတ်ပင်ထားခြင်းကြောင့် မိုးကုတ်မှတဆင့် သယ်ဆောင်နေရ

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ် ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် မိုးကုတ်မြို့မှတဆင့် သယ်ယူနေရပြီး ဈေးကြီးပေး ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ်များသို့ ယမန်နှစ် နိုဝင်ဘာလမှ စတင်ပြီး စားနပ်ရိက္ခာ ဖြတ်တောက်ရန် ကုန်စည်စီးဆင်းမှုကို တင်းတင်းကြပ်ကြပ် ပိတ်ပင်လျက်ရှိရာ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ဘက်မှတဆင့် ကွေ့ပတ်သယ်ဆောင် နေရခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မန္တလေးအထွက် (၁၆) မိုင်ဂိတ်မှာလည်း ပိတ်ထားတာ သုံးလကျော်ပြီ။ သီပေါ၊ ကျောက်မဲဘက် ကုန်ရောက်ဖို့ မန္တလေး-မိုးကုတ်လမ်းကနေ ပတ်ရတယ်။ မိုးကုတ်ကနေ မိုင်းလုံဘက် အဲ့လိုထပ်သယ်ရတယ်။ လမ်းစရိတ်နဲ့ ဂိတ်ကြေးနဲ့ပေါင်းလိုက်ရင် ဈေးက အရင်ထက် ၃ ဆ၊ ၄ ဆ မက တက်သွားတာ”ဟု အသက်(၄၀) ကျော်အရွယ် ကျောက်မဲဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့ဘက်မှ ကုန်စည်များကို မိုးကုတ်-မိုင်းလုံ-ကျောက်မဲ-သီပေါ လမ်းကြောင်းအတိုင်း သယ်ယူနေရပြီး လမ်းစရိတ်နှင့် ဂိတ်ဖြတ်သန်းခများကြောင့် ကုန်ဈေးနှုန်းမှာ ယခင်ကထက် ၃ ဆ၊ ၄ ဆ မြင့်တက်သွားကြောင်း ကုန်သည်များထံမှ သိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့များသို့ ရိက္ခာသယ်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ကောင်စီတပ်က ယမန်နှစ် အောက်တိုဘာလမှ စတင်ပြီး မန္တလေးအထွက် (၁၆)မိုင်ဂိတ်မှ စတင်ပြီး တားမြစ်ထားကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လလယ်ခန့်မှ စတင်ပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်းမှ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်များသို့ သွားလာရာ ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချို လမ်းပိုင်းကို စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပြီး ကုန်ကားကြီးများကို ငွေကြေးပေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း ဒေသခံများက ပြောဆိုသည်။

ဇန်နဝါရီ လဆန်းပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ် KIA၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားသည့် ဒေသများထဲမှ ရွှေလုပ်ကွက်များထံ စက်သုံးဆီ တင်ပို့ရောင်းချသူ (၁၇) ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ဇန်နဝါရီ ၂ ရက်က သတင်းထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...