နမ့်စန်မြို့နယ်အတွင်း RCSS နှင့် SSPP တိုက်ပွဲဖြစ်

သျှမ်းပြည် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ ကျောက်မီးသွေးတွင်းများမှ အခွန်ကောက်ခံရန် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ပထမပတ်အတွင်း နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မိုကျေးရွာအနီးတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ ဒရုန်းဖြင့် အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ခြေ (၂၀၀) ကျော်မှ စစ်ဘေးရှောင်များသည် နမ့်စန်မြို့ပေါ် နီးစပ်ရာဆွေမျိုးနှင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“အစောပိုင်းမှာ RCSS က ဒရုန်းနဲ့ အရင် ဗုံးသွားချတယ်။ ညရောက်လာတော့ ဟိုဘက်က ဒရုန်းနဲ့ ဗုံးပြန်ချတယ်။ အိမ်နောက်က ချောင်းနားမှာ ကျတာ အသံအကျယ်ကြီးပဲ အိမ်တောင်မှ တုန်တယ်။ ညနေ (၅) နာရီလောက်က စပစ်တာ ညသန်းခေါင်ထိပဲ။ တိုက်ပွဲဖြစ်တာတော့ ကြာပြီ၊ အရင်ညက ပိုပြီးမှ ပြင်းလာတာ။ ရွာမှာက ကျောက်မီးသွေးလည်း တူးတော့ အခွန်ကောက်ဖို့ နယ်မြေလုတဲ့ပုံစံဖြစ်တာ”ဟု အသက် (၄၀) ကျော်အရွယ် နမ့်စန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့နယ်ရှိ ကျောက်မီးသွေးတွင်းများမှ အခွန်ကောက်ခံရန် ဇန်နဝါရီလ (၄) ရက်က ဖြစ်ပွားခဲ့သည့် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဘက်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားခြင်း မရှိဘဲ နှစ်ဘက်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ စုံစမ်းမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွားနေသည့် နောင်ဟီးကျေးရွာအုပ်စုတွင် ယခင်က RCSS တပ်ဖွဲ့ အခြေစိုက်လှုပ်ရှားနေပြီး SSPP တပ်ဖွဲ့ကလည်း ၎င်းကျေးရွာအုပ်စုအနီးနှင့် လဲချားမြို့နယ် အရှေ့ဘက်မှ တောင်ဘက်အထိ အင်အားဖြည့်တင်းကာ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။

“အစိမ်း(SSPP)နဲ့ အကြား(RCSS) ပစ်တာ အဲ့လိုဖြစ်နေတာ ၃ နှစ်ကျော် ရှိပြီ။ အရင်ကတည်းက သူ့နေရာ ကိုယ့်နေရာ နေပြီးတော့ နီးနီးကပ်ကပ် ရှိနေတာ၊ အခုမှ ပစ်ကြတာမဟုတ်ဘူး၊ ဟိုးအရင်ကတည်းက ပစ်ကြတယ်။ တိုက်ပွဲစိပ်လာတာ မနှစ်က စတယ် နမ့်မိုမှာ။ ဖြစ်တာတော့ ကြာပြီ၊ အခုက ပိုရှုပ်နေတာ”ဟု နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS နှင့် SSPPတိုက်ပွဲဖြစ်ပွားသည့်နေရာ

စစ်အာဏာသိမ်းပြီးနောက် နမ့်စန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းတပ်နှစ်တပ် တိုက်ပွဲများကြောင့် နောင်ဟီးကျေးရွာအုပ်စုမှ ဟိုခို၊ ကွန်ဆဲ၊ ဝမ်ပန်၊ နမ့်အုတ်ကျေးရွာတို့တွင် နေထိုင်သူများသည် နမ့်စန်မြို့ပေါ်နှင့် ထိုင်းနိုင်ငံအထိ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အလားတူ နောင်ဟီးကျေးရွာအုပ်စုနေ ယင်းနက်၊ ယင်းကျားလူမျိုးများလည်း ကွန်လမ်းနှင့် နမ့်မော်ခေါက်ဆင့် ကျေးရွာဘက်သို့ စစ်ဘေးရှောင်နေကြရပြီး လတ်တလော တိုက်ပွဲများကြောင့် ပဲစင်းငုံနှင့် ခြံထွက်သီးနှံများ ရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်ပြီး သျှမ်းတပ်နှစ်တပ်၏ ပြောရေးဆိုခွင့်များကို အကြိမ်ကြိမ်ဆက်သွယ်တော့လည်း မရရှိခဲ့ပေ။

နမ့်စန်မြို့နှင့် (၁၃) မိုင်ခန့် အကွာအဝေး၌ တည်ရှိနေသည့် နောင်ဟီးကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ခွင့်ပြုထားပြီး ဧက (၅၀၀) ကျော် ကျယ်ဝန်းသည့် ကျောက်မီးသွေးတွင်း (၅) ခုထက်မနည်း တည်ရှိကာ နားယိုင်းပြည်သူ့စစ်အဖွဲ့များလည်း ပါဝင်တူးဖော်နေကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်ကလည်း ရပ်စောက်မြို့နယ် အင်တောမြို့အနီး (၃) နေရာတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ ထိခိုက်မှုများကြောင်း အင်တောမြို့ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...