နမ္မတူမြို့နယ် နေအိမ်များ တအာင်း (ပလောင်) အမျိုးသားအလံလွှင့်ထူရန် TNLA ပြော၊ မလွှင့်ပါက ဒဏ်ငွေရိုက်မည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင်း နေထိုင်သူများကို လာမည့် ဇန်နဝါရီ ၁၂ရက်တွင် အိမ်တိုင်း တအာင်းအမျိုးသားအလံ များလွှင့်ထူရန်နှင့် မလွှင့်ထူသည့်နေအိမ်များ ဒဏ်ငွေပေးဆောင်ရမည်ဟု တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ညွှန်ကြားစာပို့ထားကြောင်း သတင်းရရှိသည်။

လာမည့် ဇန်နဝါရီ ၁၂ရက်သည် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဉီး PSLF တည်ထောင်ခဲ့ခြင်း (၆၂)ပြည့် ဖြစ်ကြောင်းသိရသည်။

ထိုနေ့ နံနက် ၅နာရီမှ ညနေ ၅နာရီအတွင်း နမ္မတူမြို့တွင်းနေအိမ်တိုင်း တွင် တအာင်း အမျိုးသားအလံလွှင့်ထူးရန် နှင့် မလွှင့်ထူသည့်နေအိမ်များ ဒဏ်ငွေ ကျပ်နှစ်သိန်းခွဲ (၂၅,၀၀၀၀)ပေးဆောင်ရမည်ဟု TNLA တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီ(၆)ရက်တွင် လာရောက်ညွှန်ကြားထာကြောင်း နမ္မတူ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲ့နေ့ အိမ်တိုင်းလွှင့်ရမယ်။ မလွှင့်ရ ဒဏ်ရိုက်မယ်။ သဘောက နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ လွှင့်ရမယ်။ အလံလည်း ဝယ်ရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ပုံစာ – ၂၀၂၄ ဖေဖော်ဝါရီလအတွင်း TNLA ခေါင်းဆောင်များ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ – TNLA)

လက်ရှိနမ္မတူမြို့သည် TNLA ထိန်းချုပ်သည့်ဒေသတစ်ခုဖြစ်ပြီး၊ တအာင်းအမျိုးသားအလံကို တစ်ခုလျှင် ကျပ်ငွေ တစ်သောင်း မှ ကျပ်ငွေ နှစ်သောင်း ထိပေးဝယ်နေရကြောင်း သိရသည်။

“ အိမ်တိုင်းကို အလံလွှင့်ခိုင်း တာကလည်း ဒါက သူတို့ထိန်းချုပ်တဲ့နယ်မြေဖြစ်သလို TNLA ဒေသခံတွေက ထောက်ခံတယ်လို့ ဟန်ပြလုပ်ခိုင်းတာပါ။” ဟု နမ္မတူမြို့ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဉီးကပြောသည်။
နမ္မတူမြို့ကို TNLA သည် ၂၀၂၃ခုနစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး၊ ဘော်တွင်းသတ္တုတွင်းနယ်မြေ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ခဲ့သည်။

နမ္မတူမြို့နယ်အတွင်း TNLA တပ်နှင့် KIA တပ်တို့အချင်းချင်းကြား နယ်မြေ အငြင်းပွားမှု ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...