နမ့်ခမ်းမြို့သို့ ဗန်းမော်မြို့နယ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀၀ ထပ်မနည်းရှိနေ
ကချင်ပြည် ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများကြောင့် နမ့်ခမ်းမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ထပ်မနည်းရှိနေကြောင်းသိသည်။ ပြီးခဲ့သည့် ၂၀၂၄ (ဒီဇင်ဘာလ ၄ ရက်)မှစပြီး စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့သည် ကချင်ပြည် ဗန်းမော်မြို့အတွင်း တိုက်ပွဲမျာ စတင်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲကြောင့် စစ်ကောင်စီမှ ဗန်းမော်မြို့ပေါ်နှင့်...
ထိုင်းနှင့်တရုတ် နယ်စပ် မြန်မာဘက်ခြမ်းရှိ KTV များတွင် မူးယစ်ဆေးဝါးရောင်းချမှု မြင့်တက်လာ
SHAN -
ထိုင်းနှင့် တရုတ် နယ်စပ် တကြော မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေတီဗွီ (KTV )များ ၌ မူးယစ်ဆေးဝါး ရောင်းချမှု ပိုမိုမြင့်တက်သည်ဟု စုံစမ်းသိရသည်။ မြန်မာသျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ၊နားကောင်းမူးမြို့များတွင် စစ်အာဏာသိမ်းပြီးနောက် KTV ဖွင့်လှစ်မှုများပြားပြီး ထိုထဲတွင် မူးယစ်ဆေးဝါးများ...
ညောင်ရွှေမြို့နယ်အတွင်း PNO စစ်သားများ ဘိန်းစတင်စိုက်ပျိုးလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ပင်စုံနှင့် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)များ ဘိန်းစတင်စိုက်ပျိုးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ပင်စုံနှင့် စံကားဒေသတွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေးအင်အားစုတို့ သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ )တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကာ ဒီဇင်ဘာလ၌ တိုက်ပွဲ...
ဗန်းမော်မြို့ တိုက်ပွဲပြင်းထန်နေပြီး မြို့အကြီးအကျယ် ပျက်စီး
SHAN -
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များ ထိုးစစ်အရှိန် မြှင့်တင် တိုက်ခိုက်နေ၍ ယနေ့ တိုက်ပွဲ ပြင်းထန်နေပြီး နေရာတချို့ မီးလောင်နေကာ မြို့အကြီးအကျယ် ပျက်စီးနေပြီဟု သတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီလ ၆ ရက်) ညနေပိုင်းတွင် ပြောသည်။ ယနေ့ နနံနက်အစောပိုင်းကစ၍ ဗန်းမော်မြို့တွင်း...
တောင်ကြီးတွင် စစ်ကောင်စီက နေ့စဉ်ရက်ဆက် ပေါ်တာဆွဲ၊ အမျိုးသမီး ၁ ဦးဖမ်းဆီးခံရ
သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီက လူငယ်တွေကို နေ့စဉ်ရက်ဆက် ပေါ်တာလိုက်ဆွဲနေပြီးယခုသီတင်းပတ်အတွင်း အမျိုးသမီး ၁ ဦး ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က တောင်ကြီးမြို့မှ ရွှေညောင်မြို့သို့ အလည်သွားသော အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရွှေညောင်ကိုသွားရင်း လမ်းမှာဖမ်းခံရတာ။...
ငွေပေးဆောင်နိုင်မှသာ ရပ်စောက်မြို့နယ် စစ်ကောင်စီဂိတ်သို့ ဖြတ်သန်းခွင့်ပြု
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် သျှမ်းတောင်မှ သျှမ်းမြောက်သို့ တက်မည့် ကုန်ကားကြီးများကို ငွေကြေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (စက်တင်ဘာလ)တွင် စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းတောင်မှ သျှမ်းမြောက်သို့ သွားမည် ခရီးသည်လိုင်းကားများ၊ ကုန်တင်ယာဉ်များကို စတင်ပိတ်ပင်ရာ ယနေ့ (ဇန်နဝါရီလ...
ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးမရှောင်နိုင်သော သက်ကြီးသူနှင့် နာမကျန်းသူများ အကူအညီလိုအပ်နေ
SHAN -
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ဘေးမရှောင်နိုင်ဘဲကျန်ရှိနေသော သက်ကြီးရွယ်အိုနှင့် နာမကျန်းဖြစ်နေသူများ အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံသတင်းရရှိသည်။ ဖယ်ခုံမြို့နယ်အတွင်းရှိကျေးရွာများသို့ စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ ဗုံးကြဲမှုများကြောင့် ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိတွင် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများမှာ တိမ်းရှောင်နိုင်ခြင်းမရှိဘဲ တောတောင်အတွင်း ခက်ခဲစွာနေထိုင်နေရကြောင်း စစ်ရှောင် အရေးကူညီပေးနေသူ အမျိုးသမီးတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။ “လက်နက်ကြီးဒဏ်၊ လေယာဉ်ဒဏ်ကြားမှာ...
နှစ်သစ်အစတွင် စစ်ကောင်စီမှ ဖယ်ခုံဘက်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းသို့ ယခုနှစ်သစ်စပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲမှုပြင်းထန်စွာ ပြုလုပ်ဆောင် လာသည်ဟု စုံစမ်းသိရှိရသည်။ သျှမ်း- ကယား(ကရင်နီ) နယ်စပ်ဖြစ်သည့် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာနှင့် ဆောင်ပလန် ကျေးရွာကြားကို ပြီးခဲ့သည့် (ဇန်နဝါရီလ ၃ ရက်) နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့်...
ကိုးကန့် နှင့် စစ်ကောင်စီ ဆွေးနွေးမှု အောင်မြင်နိုင်မည် မဟုတ်
စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီ အဖြေမပေါ်ပဲ...
နောင်ချို တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ် လက်နက်ကြီး တစ်ဖက်သက်ပစ်ခတ်
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလအထိ ၆ လကျော်ကြာ ထိတွေ့တိုက်ပွဲ ပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်အတွင်း အဆိုပါ တိုက်ပွဲသည် လက်ရှိအချိန်ထိ ၂ ပတ်တာခန့် ငြိမ်သက်ခဲ့သော်လည်း ဘန့်ဘွေးကျေးရွာအခြေစိုက်...






