နောင်တရားမြို့ရှိ စစ်ဘေးရှောင် ၃ ထောင် ဝန်းကျင် အတွက် စောင် နှင့် အနွေးအထည်များ လိုအပ်
သျှမ်းပြည် ပင်လောင်းမြိုနယ် နောင်တရားမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စောင် နှင့် အနွေးအထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့် မြို့မဈေးသစ်တွင် လာရောက် တိမ်းရှောင် နေထိုင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင် အတွက် စောင်...
ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်...
ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးသည့်နောက်ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) ကို (ဧပြီလ ၈ ရက်) မှစတင်၍ ဖွင့်လှစ်သင်ကြာပေးခဲ့သည်။ ထိုသင်တန်းများမှ သင်တန်ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ကျရာ...
နမ့်စန်မြို့တွင် စစ်မှုထမ်းရန်အတွက် လိုက်လံဖမ်းဆီးပြီး ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင်
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် စစ်မှုထမ်းရန်အတွက် မူးယစ်ဆေးသုံးစွဲသူနှင့် ဂိမ်းကစားရုံ ဂိမ်းဆော့နေသူများကို လိုက်လံဖမ်းဆီးကာ ကျိုင်းတုံစစ်သင်တန်းသို့ ပို့ဆောင်ကြော်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ပထမပတ် )နေ့မှစပြီး ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်)အထိ နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ငါးဂိမ်းရုံတွင် ဂိမ်းကစားနေသူများကို တံခါးပိတ်ပြီး ဖမ်းဆီးသွားပြီး၊ ဖမ်းဆီးရမိသူ...
ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...
SHAN -
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် လမ်းဘေးဈေးဆိုင်များအားလုံးအား စည်ပင်သာယာရေးဌာနမှ ကရိန်းကားဖြင့် လိုက်လံသိမ်းဆည်းနေပြီး လမ်းမကြီးဘေးတလျှောက်ရှိ နေအိမ်ခြံစည်းရိုးများအား မဖြစ်မနေထုံးသုတ်ခိုင်းနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ လမ်းမနှင့် လမ်းသွယ်များပါမကျန် လမ်းဘေးတွင်ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်များအား စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ကရိန်းကားဖြင့်လိုက်လံသိမ်းဆည်းနေကြောင်း မြို့ခံများကပြောသည်။ “လမ်းကြိုလမ်းကြားအထိ လမ်းဘေးဆိုင်တွေအကုန် ကရိန်းနဲ့တင်သွားပြီးပြီ၊...
ရွာငံတွင် စစ်ကောင်စီနှင့် DSNDA တို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မင်းပလောင် ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံး သွားကြောင်း DSNAမှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁)ရက်တွင် ရွာငံမြို့နယ် ရေလှကျေးရွာမှ စစ်ကောင်စီအင်အား (၁၁၀) ခန့်ရှိသော စစ်ကြောင်းသည် မင်းပလောင်ကျေးရွာသို့ စစ်ကြောင်းမထိုးမှီ DSNDAမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ...
လွိုင်ကော်မြို့ တွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် သက်ကြီးပိုင်းကိုပါ အတင်းအဓမ္မခေါ်ဆောင်
SHAN -
ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်သည် စစ်မှုထမ်းရန်အတွက် သက်ကြီးပိုင်းများကိုပါ အိမ်တွင်းထိ ဝင်ရောက်ဖမ်းစီးသွားကြောင်း စုံစမ်းသိရသည်။ (ဒီဇင်ဘာလ ပထမပတ်)တွင်စတင်ပြီး ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်)နေ့အထိ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်သည် ဖမ်းဆီးမှုများ ပိုမိုတင်းကြပ်လာပြီး စစ်မှုမထမ်းလိုသူများကို ၎င်းနေအိမ်ပိုင် ပစ္စည်များ သိမ်းယူသွားမည်ဟု လာရောက်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း...
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု စစ်ခေါင်းဆောင်ထပ်ပြော
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည်မဟုတ်ကြောင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်းပြောဆိုလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက်နေ့က ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ် စိန်မေရီ ကာသီဒြယ် ဘုရားကျောင်းတွင် ပြုလုပ်သည့် ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲ၌ ထိုကဲ့သို့ စစ်အာဏာသိမ်းခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ကြုံတွေ့လာသည့်...
တောင်ကြီးတွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း အိမ်ငှားနေသူများထံမှ သိရှိရသည်။ ယခင် (၂၀၂၃) ခုနှစ်တွင် တစ်ထပ်အိမ် တစ်လုံးကိုကျပ်( ၂ သိန်းခွဲ) သာရှိပြီး ယခုကာလတွင် ကျပ်(၆သိန်း) အထိ ဈေးမြင့်တက်လာကာ အလုပ်ကိုင် ဝင်ငွေ အဆင်ပြေမှ သာ ရေရှည်ရပ်တည် နိုင်မည်ဖြစ်ကြောင်း အိမ်ငှားများကပြောသည်။ ထို့အပြင်...





