Tuesday, February 3, 2026

CATEGORY

စစ်ရေး

အိမ်ပြန်ချင်နေပြီ….

“ကိုယ်နေတဲ့နေရာ…ကိုယ်လုပ်စားနေကြနေရာမှာပဲ အဆင်ပြေတယ်…နယ်မြေ အေးချမ်းတာနဲ့ ပြန်မှာ”လို့ ညောင်ရွှေမြို့နယ် မှာ စစ်ရှောင် အဖြစ် ရောက်နေတဲ့ နန်းဇင်က ပြောပါတယ်။ ညီနောင် မဟာမိတ်သုံးဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် သျှမ်းမြောက် ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ သူ အယောက် ၂ သိန်းထဲ...

KIA ထိန်းချုပ် မြန်မာ-တရုတ်နယ်စပ်ဂိတ်များ နှစ်ဘက်ပြန်ဖွင့်သော်လည်း ဖြတ်သန်းခွင့် မရသေး

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA) ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ထားနိုင်သည့် တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်နေသော်လည်း ဖြတ်သန်းခွင့်မရသေးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားနိုင်သည့် မြန်မာ-တရုတ် နယ်စပ်တလျှောက်...

PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ရွာသူကြီးတစ်ဦး ပိုက်ဆံဖြင့်ပြန်ရွေးရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရန် ပိုက်ဆံအများအပြားနှင့် ပြန်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည်...

မိုးဗြဲမြို့ စစ်ကောင်စီ ဒရုန်းများတွင် အဆိပ်ငွေ့ပြားများအသုံးပြုတိုက်ခိုက်

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးများတွင် အဆိပ်ငွေ့ပြားများကို ထည့်ပြီဂ အသုံးပြုတိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသား ကားကွယ်ရေးတပ် (KNDF) မှ ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်)တွင်ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည် မိုးဗြဲမြို့တွင် အခြေစိုက် ထားသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း- ခမရ (၄၂၂) တပ်သည်...

ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အလေးပေးဆောင်ရွက်လာကြပြီဟု စစ်ခေါင်းဆောင်ပြော

ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာ ကြပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၂ ရက်) တွင် ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်သော ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် အထက်ပါအတိုင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းက...

လွိုင်ကော်မြို့တွင် ပစ္စည်းပြန်သယ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကယား( ကရင်နီ)ပြည်နယ် ၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင် ပစ္စည်းပြန်သယ်ယူသည့်  အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၂ ရက်)နေ့တွင် စစ်ကောင်စီမှ ဒေါဥခူရပ်ကွက်သို့ ပစ္စည်းပြန်သယ်ခွင့် ပြုသောကြောင့် ဒေသခံများ ပစ္စည်းဝင်ယူကြရာ သက်ကြီး အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံ...

လားရှိုးမြို့ပေါ် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့ MNDAA ဖွဲ့စည်း

သျှမ်းပြည် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပေးပြီး ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို ပြစ်ဒဏ်ချမှတ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ဒေသခံများ ပါဝင်သည့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပြီး...

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့ အခွန်အခများလို့ ပြည်သူအခက်တွေ့၊ ဖောင်ဆိပ်တံတားနား ကုန်စည်ကန့်သတ်ထား

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားစဉ် အခွန်အခ ကောက်ခံမှု ပိုမိုများပြားလာခြင်းကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် ဆိုင်ခန်းခွန်၊ အမှိုက်ခွန်၊ လျှပ်စစ်မီတာခွန် အစရှိသည့် အခွန်အခ ကောက်ခံမှု...

ညောင်ရွှေရောက် စစ်ဘေးရှောင် (၈၀၀)ကျော် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ နှစ်လကျော်ကြာရောက်ရှိနေသည့် စစ်ဘေးရှောင် (၈၀၀)ကျော်သည် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ် နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် နှစ်လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် လက်ရှိချိန်ထိ အမိုးအကာ၊စောင် နှင့် အနွေးအထည်များ...

Latest news