ကရင်ပြည် လွိုင်ကော်မြို့နယ်အတွင်း ညသန်းခေါင်ချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇန်နဝါရီက်လ ၂၂ ရက်) ၂ နာရီဝန်းကျင် လွိုင်ကော်မြို့အနီးကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လွိုင်ကော်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီမနက် အိပ်နေတဲ့ အချိန်ကြီး ၂ နာရီလောက်မှာပဲ ကြဲသွားတာ အကျယ်ကြီးပဲ ကြားရတာ။ကျနော်တို့ စိန်တလုံး လောပိတဘက်ထိတောင်ကြားရတယ်။ ကျနော်တို့လည်း နေရာအတိအကျတော့မသိရသေးဘူး။လွိုင်ကော်အနီး တစ်ဝိုက်လို့ပဲ ပြောလို့ရအုံးမယ်။”ဟု လွိုင်ကော်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်သွားသည့် တည်နေရာနှင့် ထိခိုက်မှုများကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေသည်။
လက်ရှိတွင် စစ်ကောင်စီမှ ဖယ်ခုံ ၊ မိုးဗြဲ ၊ လွိုင်ကော်မြို့ထိ ပြန်လည်းထိန်းချုပ်ရန်အတွက် အင်းအားအလုံး အရင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက် နေသည့်အပြင် လေကြောင်း တိုက်ခိုက်မှုများလည်း နေစဉ်ပြုလုပ်နေကြောင်း ဒေသခံများကပြေသည်။
ထို့ပြင် မိုးဗြဲမြို့ အနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။












Leave a Comments