Tuesday, January 27, 2026

NUG မှ အသက်မပြည့်သေးသည့်ကလေးငယ်များအား စစ်သားစုဆောင်းထားဆိုသည့် သတင်းအမှား

အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ စုဆောင်းထားသည့် အသက်မပြည့်သေးသောကလေးစစ်သားများဟု ရေးသား၍ ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် People Media ချန်နယ်လ်မှ “စစ်သွေးကြွ NUG အုပ်စုမှ ကလေးငယ်များကို စစ်သားစုဆောင်းထားမှု မြင်ကွင်း” (မူရင်းအတိုင်း) ဟု ရေးသားကာ ဇန်နဝါရီလ ၁၈ ရက်က ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိခဲ့သည်။
ထိုဗီဒီယိုဖိုင်ကို ကြည်ရှုသူပေါင်း ၇၅,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/jIN2F

ရွှေနေကြာ – https://archive.ph/Uao8M

Min Chit Oo – https://archive.ph/ehHqj

သတင်းအမှားဖြန့်ချိသူတွေက ဖော်ပြသည့် အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် Delta News Agency တို့၏ အချက်အလက်စစ်ဆေးသူများက ပူးပေါင်းစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ရုပ်သံဖိုင်တွင် ကလေးငယ်တစ်ဦး ပျောက်ကြားဦးထုပ်ဆောင်း၍ Tiktok ဆော့ထားသည်ကို တွေ့ရသည်။

မူရင်း ရုပ်သံဖိုင်ကို ထပ်မံရှာဖွေကြည့်သည့်အခါ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း ၃ မှ @charcbeasih အမည်ဖြင့် တပ်သားတစ်ဦး တင်ထားသည်ကိုတွေ့ရသည်။
@charcbeasih – https://archive.ph/dQuyk

ထိုကိစ္စနှင့် ပတ်သက်၍ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း ၃ ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ကလေးက တပ်ရင်းက မှန်ပါတယ်။ ရဲဘော်တော့ မဟုတ်ပါဘူး။ တော်လှန်ရေးနဲ့ နီးစပ်တဲ့ မိသားစု အသိုင်းအဝိုင်းကပါ။ အသက်မပြည့်တဲ့သူတစ်ယောက်က ရဲဘော်လို ဆော့တဲ့အပေါ် အမြင်မှားစရာတွေ ဖြစ်မလာဖို့၊ Tiktok မဆော့ဖို့ ပြောဆိုတားမြစ်ထားပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်တပ်ရင်း ၃ –

https://www.facebook.com/ysopdf

ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတွင်လည်း တပ်သားသစ် ခေါ်ယူရာ၌ တပ်သားသစ် စုဆောင်းရေး မူဝါဒရှိထားသည်ဖြစ်ရာ အသက် ၁၈ နှစ်ပြည့်ပြီးမှသာလျှင် စစ်မှုထမ်းခွင့် ပြုထားကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။

“ကာကွယ်ရေးဝန်ကြီးဌာနမှာ တပ်သားသစ်စုဆောင်းရေး မူဝါဒဆိုတာရှိတယ်။ အဲ့ထဲမှာ အသက်၁၈နှစ် ပြည့်ပြီးသူဖြစ်ရမယ်။ စစ်မှုထမ်းရန်လုံလောက်တဲ့ကျန်းမာရေးအခြေနေရှိတဲ့သူဖြစ်ရမယ်။ ရာဇဝတ်မှု ကင်းရှင်းသူဖြစ်ရမယ်စသဖြင့် အဲ့အချက်တွေရှိပါတယ်။ ဒီမူဝါဒအရပဲ တပ်သားသစ်တွေစုဆောင်းတယ်”ဟု ကိုနေဘုန်းလတ်က ပြောသည်။

ထိုမူဝါဒအရ တပ်သားသစ် စုဆောင်းသည့်အခါ အတင်းအကျပ် စုဆောင်းခြင်းမဟုတ်ဘဲ ကာယကံရှင်၏ သဘောဆန္ဒအရ စုဆောင်းပြီး၊ အသက် ၁၈ နှစ်အောက် ကလေးများ စုဆောင်းထားခြင်းမရှိသလို တပ်ရင်းတပ်ဖွဲ့တွင်လည်း စုဆောင်းခွင့်မပြုထားကြောင်း ဆိုသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ အကြောင်းလင့်ခ် – https://www.facebook.com/share/p/1BRvctbZJ8/

“ဒါအကြမ်းဖက်စစ်တပ်ရဲ့လုပ်လေ့လုပ်ထရှိတဲ့အလုပ်ပါပဲ၊ သူတို့ကိုယ်တိုင်လုပ်နေတဲ့အလုပ်တွေကို တခြားသူတွေလုပ်သယောင် နည်းလမ်းပေါင်းစုံနဲ့ဝါဒဖြန့်ပြီးတော့ သတင်းတု၊ သတင်းမှားတွေ ဖြန့်နေတာကတော့ သူတို့အလုပ်ကို သူတို့လုပ်နေတယ်လို့ပဲ ပြောရမှာပေါ့” ဟု ကိုနေဘုန်းလတ်က ဆက်ပြောသည်။

သုံးသပ်ချက်

ထိုကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ ကလေးငယ်များကို စစ်သားစုဆောင်းသည်ဆိုသည့် ဖော်ပြချက်က မှားယွင်းနေသည်။

ရုပ်သံဖိုင်တွင် ပါဝင်သည့် ကလေးငယ်တစ်ဦးသည် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း ၃ မှ ရဲဘော်တစ်ဦး၏ မှီခိုမိသားစုဝင်တစ်ဦးဖြစ်သည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...