NUG မှ အသက်မပြည့်သေးသည့်ကလေးငယ်များအား စစ်သားစုဆောင်းထားဆိုသည့် သတင်းအမှား

အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ စုဆောင်းထားသည့် အသက်မပြည့်သေးသောကလေးစစ်သားများဟု ရေးသား၍ ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် People Media ချန်နယ်လ်မှ “စစ်သွေးကြွ NUG အုပ်စုမှ ကလေးငယ်များကို စစ်သားစုဆောင်းထားမှု မြင်ကွင်း” (မူရင်းအတိုင်း) ဟု ရေးသားကာ ဇန်နဝါရီလ ၁၈ ရက်က ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိခဲ့သည်။
ထိုဗီဒီယိုဖိုင်ကို ကြည်ရှုသူပေါင်း ၇၅,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/jIN2F

ရွှေနေကြာ – https://archive.ph/Uao8M

Min Chit Oo – https://archive.ph/ehHqj

သတင်းအမှားဖြန့်ချိသူတွေက ဖော်ပြသည့် အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် Delta News Agency တို့၏ အချက်အလက်စစ်ဆေးသူများက ပူးပေါင်းစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ရုပ်သံဖိုင်တွင် ကလေးငယ်တစ်ဦး ပျောက်ကြားဦးထုပ်ဆောင်း၍ Tiktok ဆော့ထားသည်ကို တွေ့ရသည်။

မူရင်း ရုပ်သံဖိုင်ကို ထပ်မံရှာဖွေကြည့်သည့်အခါ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း ၃ မှ @charcbeasih အမည်ဖြင့် တပ်သားတစ်ဦး တင်ထားသည်ကိုတွေ့ရသည်။
@charcbeasih – https://archive.ph/dQuyk

ထိုကိစ္စနှင့် ပတ်သက်၍ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း ၃ ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ကလေးက တပ်ရင်းက မှန်ပါတယ်။ ရဲဘော်တော့ မဟုတ်ပါဘူး။ တော်လှန်ရေးနဲ့ နီးစပ်တဲ့ မိသားစု အသိုင်းအဝိုင်းကပါ။ အသက်မပြည့်တဲ့သူတစ်ယောက်က ရဲဘော်လို ဆော့တဲ့အပေါ် အမြင်မှားစရာတွေ ဖြစ်မလာဖို့၊ Tiktok မဆော့ဖို့ ပြောဆိုတားမြစ်ထားပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်တပ်ရင်း ၃ –

https://www.facebook.com/ysopdf

ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတွင်လည်း တပ်သားသစ် ခေါ်ယူရာ၌ တပ်သားသစ် စုဆောင်းရေး မူဝါဒရှိထားသည်ဖြစ်ရာ အသက် ၁၈ နှစ်ပြည့်ပြီးမှသာလျှင် စစ်မှုထမ်းခွင့် ပြုထားကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။

“ကာကွယ်ရေးဝန်ကြီးဌာနမှာ တပ်သားသစ်စုဆောင်းရေး မူဝါဒဆိုတာရှိတယ်။ အဲ့ထဲမှာ အသက်၁၈နှစ် ပြည့်ပြီးသူဖြစ်ရမယ်။ စစ်မှုထမ်းရန်လုံလောက်တဲ့ကျန်းမာရေးအခြေနေရှိတဲ့သူဖြစ်ရမယ်။ ရာဇဝတ်မှု ကင်းရှင်းသူဖြစ်ရမယ်စသဖြင့် အဲ့အချက်တွေရှိပါတယ်။ ဒီမူဝါဒအရပဲ တပ်သားသစ်တွေစုဆောင်းတယ်”ဟု ကိုနေဘုန်းလတ်က ပြောသည်။

ထိုမူဝါဒအရ တပ်သားသစ် စုဆောင်းသည့်အခါ အတင်းအကျပ် စုဆောင်းခြင်းမဟုတ်ဘဲ ကာယကံရှင်၏ သဘောဆန္ဒအရ စုဆောင်းပြီး၊ အသက် ၁၈ နှစ်အောက် ကလေးများ စုဆောင်းထားခြင်းမရှိသလို တပ်ရင်းတပ်ဖွဲ့တွင်လည်း စုဆောင်းခွင့်မပြုထားကြောင်း ဆိုသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ အကြောင်းလင့်ခ် – https://www.facebook.com/share/p/1BRvctbZJ8/

“ဒါအကြမ်းဖက်စစ်တပ်ရဲ့လုပ်လေ့လုပ်ထရှိတဲ့အလုပ်ပါပဲ၊ သူတို့ကိုယ်တိုင်လုပ်နေတဲ့အလုပ်တွေကို တခြားသူတွေလုပ်သယောင် နည်းလမ်းပေါင်းစုံနဲ့ဝါဒဖြန့်ပြီးတော့ သတင်းတု၊ သတင်းမှားတွေ ဖြန့်နေတာကတော့ သူတို့အလုပ်ကို သူတို့လုပ်နေတယ်လို့ပဲ ပြောရမှာပေါ့” ဟု ကိုနေဘုန်းလတ်က ဆက်ပြောသည်။

သုံးသပ်ချက်

ထိုကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ ကလေးငယ်များကို စစ်သားစုဆောင်းသည်ဆိုသည့် ဖော်ပြချက်က မှားယွင်းနေသည်။

ရုပ်သံဖိုင်တွင် ပါဝင်သည့် ကလေးငယ်တစ်ဦးသည် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း ၃ မှ ရဲဘော်တစ်ဦး၏ မှီခိုမိသားစုဝင်တစ်ဦးဖြစ်သည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...