ရွာငံ စစ်ကောင်စီဂိတ်တွင် ခရီးသွားများအားခြိမ်းခြောက် ငွေညှစ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့ အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီက ခရီးသွားများထံမှ ခြိမ်းခြောက်ငွေတောင်း နေကြောင်း ခရီးသွားပြည်သူများက သျှမ်းသံတော်ဆင့်ကို သတင်းပေးပို့လာသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရွာငံသို့ ခရီးသွားဝင်ရောက်မှု နည်းပါးခဲ့သော်လည်း ယခုနှစ် ဆောင်းရာသီတွင် ရွာငံသို့ ခရီးသွားဧည့်သည်များ ပိုမိုဝင် ရောက်မှု များပြားလာကြောင်း ဒေသခံများကပြောသည်။

ထိုကဲ့သို့ ခရီးသွားလာသူများကို ရွာငံ အဝင်အထွက် ဂိတ်တွင် စစ်ကောင်စီက စစ်ဆေးမှုများ ပြုလုပ်ပြီး ငွေကြေးအဆမတန် ကောက်ခံနေသည်ဟု ခရီးသွားအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံ

“ယောက်ျားလေးတွေချည်း သွားရင် ပိုရစ်တာ။ နင်က PDFကလား ဘာလားနဲ့ အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်။ သူတို့ကို ပိုက်ဆံပေးမှ လမ်းပေးဖြတ်မယ်ဆိုလို့ ကျနော်တို့ ကျပ်(ငါးသောင်း) ပေးခဲ့ရတယ်။ ဒါတောင် မိန်းကလေးတွေပါလို့ ကျနော်သူငယ်ချင်းဆို တစ်သိန်းပေးခဲ့ရတယ်။” ဟု အဆိုပါ ခရီးသွားအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အိမ်စီးကားနှင့် ဆိုင်ကယ်များဖြင့် ခရီးသွားလာသူများကို ပိုမိုစစ်ဆေးနေပြီး စစ်ကောင်စီတပ်သားများ က ခရီးသွားလာသူများကို စစ်မှုထမ်းရန်အတွက် ပြောဆိုခြင်းများလည်း ရှိသည်ဟု ၎င်းကထပ်လောင်း ပြောသည်။

ခရီးသွားလာမှုများလာသောကြောင့် ဒေသခံများအနေဖြင့် ဒေသထွက် သီးနှံများ ရောင်းချ၍ စားဝတ်နေရေးအတွက် အဆင်ပြေမှုများ ရှိလာကြောင်း ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်နှစ်တွေတုန်းကတော့ ဘာမှမရောင်းရဘူး။ ခြံထွက် အသီးလေးတွေ ပိုရောင်းလာရတယ်။ ခရီးသွားများတော့ စားဝတ်နေရေးပြေလည်တာပေါ့။ ဒီရာသီလောက်ပဲ ရောင်းရတာလေ။” ဟု အဆိုပါ ဈေးသည် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံတွင် ဒေသထွက် လိမ္မော်သီး၊ လက်ဖက်နှင့် အခြားသော ကုန်စိမ်း သီးနှံများ အမြောက်အမြားထွက်သည့် ဒေသဖြစ်ပြီး ဒေသခံအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသည်။

ယခုလက်ရှိရွာငံမြို့နယ်တွင် ယခင်နှစ်ထက် ခရီးသွား တစ်ထောင်နီးပါး လာရောက်လည်ပတ်ခဲ့ပြီး အများစုသည် ရန်ကုန်၊မန္တလေးဘက်မှ ပြည်သူများဖြစ်ကြောင်း သိရသည်။

အလုပ်သင်သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...