Saturday, April 27, 2024

CATEGORY

စစ်ရေး

မိုင်းရယ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းများ တူးထားရ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း စုံစမ်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှစပြီး မိုင်းရယ်မြို့နယ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မိုင်းရယ်မြို့ပေါ် ရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း မိုင်းရယ်ဒေသခံများက...

စစ်ရေးအရ နယ်မြေကျူးကျော်လာပါက ကိုင်တွယ်ဖြေရှင်းမည်ဟု “ဝ”တပ်ဖွဲ့ UWSA ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ကောင်စီတပ်အ‌ပေါ် ရုတ်တရက်ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြောင့် “ဝ”ဒေသအတွင်းရှိ နယ်မြေနှင့်လေပိုင်နက်တို့ကို စစ်ရေးအရ ကျူးကျော်မှုများ ရှိလာပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု “ဝ”ပြည် သွေးစည်းညီညွတ်‌ရေးပါတီ (UWSP/UWSA)က ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် သတင်းထုတ်ပြန်လာသည်။ လက်ရှိဖြစ်ပွားနေသော ကိုးကန့်ဒေသရှိ လက်နက်ကိုင် ပဋိပက္ခများကို “ဝ”တပ်ဖွဲ့...

နမ့်ခမ်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို TNLA ဝင်တိုက်သိမ်းပိုက်၊ ဂိတ်စောင့် တပ်သား ထွက်ပြေး

သျှမ်းပြည် နမ့်ခမ်းမြို့နယ် မန်ခမ်းရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် စစ်ဆေးရေး အစောင့်တပ်သား ထွက်ပြေးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်) ညပိုင်း ၇ နာရီခွဲအချိန်တွင် နမ့်ခမ်းမြို့နယ် မန်ခမ်းရွာရှိ...

ကျောက်မဲနှင့် နောင်ချိုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်တပ်မှ လေယာဉ်ဖြင့် တိုက်ခိုက်

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ရှိ စစ်တပ်စခန်းအနီး လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၁ ရက် ) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ...

သိန္နီမြို့ လက်နက်ကြီးကြောင့် စစ်ဘေးရှောင် ၁ ဦး ထပ်မံသေဆုံး၊ အမျိုးသမီးအပါအဝင် ၂ ဦးဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ကောင်စီမှ ရမ်းသမ်းပစ်လိုက်သည့် လက်နက်ကြီးသည် စစ်ဘေးရှောင်စခန်းအတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် စစ်ဘေးရှောင် ၁ ဦး ထပ်မံသေဆုံးပြီး ၂ ဦး ဒဏ်ရာရသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) ညနေပိုင်းအချိန်က သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင်...

စစ်ကောင်စီ တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်

သျှမ်းပြည် ကွမ်းလုံမြို့ တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်သော (ရမလ) လက်အောက်ခံ တပ်ရင်း ဖြစ်သည့် (ခလရ ၁၄၃) သည် ညီနောင်မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ထံ လက်နက်ချ အလင်းဝင် ရောက်လာကြောင်း The Kokang မှထုတ်ပြန်ထားသည်။ ညီနောင်မဟာမိတ် ၃ဖွဲ့ ထံလက်နက်ချ အလင်းဝင်လာသည်မှာ...

ပန်ဆိုင်းမြို့ လက်နက်ကြီးကျပေါက်ကွဲ အရပ်သား ၁ ဦးသေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ပန်ဆိုင်းမြို့ (ကြူဂုတ်) ရှိ ရဲစခန်းအနီး လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသား တစ် ဦးသေဆုံးပြီး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပန်ဆိုင်းမြို့ (ကြူဂုတ်) ရပ်ကွက် ၈ အတွင်းရှိ စစ်ကောင်စီ ရဲစခန်းအနီး၌ ယနေ့ (နိုဝင်ဘာ ၁ ) ရက်တွင်...

နောင်ချိုမြို့နယ် စစ်မှုထမ်းဟောင်း တစ်ရက် ကျပ် ၂ သောင်းပြန်ခေါ်ယူနေ၊ အချို့ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ စစ်မှူထမ်းဟောင်းများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေပြီး တစ်ရက်လျှင် ကျပ်ငွေ ၂ သောင်းဖြင့် ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ရက်မှစပြီး နောင်ချိုမြို့နယ်ရှိ စစ်မှူထမ်းဟောင်းများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေပြီး တစ်ရက်လျှင် ကျပ်ငွေ ၂ သောင်းဖြင့်...

လားရှိုး-သန္နီကြား မိုင်းပါးစစ်တပ်စခန်းကို TNLA မှဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်

သျှမ်းပြည် လားရှိုး-သန္နီကြားရှိ မိုင်းပါးစစ်တပ်စခန်းကို “ ၁၀၂၇ စစ်ဆင်ရေး “ တွင်ပါဝင်ဆင်နွဲထားသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းလုံးကျွတ် ထွက်ပြေးသွားခဲ့ကြောင်း TNLA မှ ယနေ့ အောက်တိုဘာလ ၃၁...

ပန်ဆိုင်းမြို့ စစ်တပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်) ရပ်ကွက် ၄ အနီးရှိ စစ်တပ်စခန်းကို ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့် MNDAA မှ ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန် နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၃၁ ရက်) နံနက်ပိုင်းအချိန်မှစပြီး ပန်ဆိုင်းမြို့...

Latest news