CATEGORY

စစ်ရေး

“မယ်ဆိုင်ချောင်း”ရဲ့ အခြားတဖက်က ဘဝများ

လမ်းကျဉ်းကျဉ်းထဲတွင် ဖုန်တထောင်းထောင်း ထနေသည့်ကြား ကားများ၊ ဆိုင်ကယ်များ အပြိုင်အဆိုင် မောင်းနှင်းနေသည်။ ဝါးတပြန်စာ အကွာ တွင် ယူနီဖောင်း အဖြူဝတ်ထားသော မော်တော်ယာဉ်ထိန်းရဲနှစ်ဉီးဆီက လာသမျှ ကား၊ဆိုင်ကယ်များထံ စစ်ဆေးပြီး လက်ဖြန့်တောင်းနေသည်။ အနီးအနားတွင်လည်း ညစ်ပတ်သော အဝတ်အစားကို ဝတ်ဆင်တဲ့ အရွယ်ကောင်း အသက် ၄၀ ဝန်းကျင်ရှိ လူ၊...

ထိုင်း-မြန်မာနယ်စပ် တလျှောက် လူကုန်ကူးမခံရအောင် သတိပေးဆိုင်းဘုတ်ထောင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာဘက်သို့ လူကုန်ကူးခံရသည့် တရုတ်မင်းသား ဖြစ်ရပ်ပြီးနောက် ထိုင်းအာဏာပိုင်များသည် ကျားဖြန့်လုပ်ငန်းဖြင့် လူကုန်ကူးမှုမခံရအောင် သတိပေးဆိုင်းဘုတ်များကို နယ်စပ်မျဉ်းတလျှောက်တွင် စိုက်ထူးကြေညာထားသည်။  ထိုသတိပေးဆိုင်းဘုတ်တွင်လည်း တရုတ်ဘာသာစကား၊ ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတို့ဖြင့် ရေးသားသတိပေးထားသည်။  ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ​...

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ စစ်ကောင်စီ ဗုံး(၅၆)လုံး ကြဲချတိုက်ခိုက်မှု ဒေသခံ ထိခိုက်သေဆုံး

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကိုယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) က စစ်ကောင်စီ လေကြောင်းမှ ဗုံး ၅၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က...

မြန်မာငွေတန်းဖိုးဆက်တိုက်ကျဆင်းမှုကြောင့် တန့်ယန်းမြို့ တရုတ်ယွမ်းငွေ အသုံးပြုလာ

မြန်မာငွေတန်းဖိုးဆက်တိုက်ကျဆင်းလာမှုကြောင့် သျှမ်းပြည် တန့်ယန်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်နှင့် စျေးဆိုင်အချို့ တရုတ်ယွမ်းငွေများ စတင် သုံးစွဲလာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ နှစ် မြန်မာငွေဈေးနှုန်းများ ဆက်တိုက် ကျပြီးနောက်ကားရောင်းဝယ်သူများ နှင့် မြေကွက်များသည် တရုတ်ယွမ်ငွေများဖြင့်သာ ပေးချေကြောင်း၊ တရုတ်ယွမ်ငွေ လဲလှယ်သည့် ဆိုင်များလည်း ပို၍ပေါများလာကြောင်း တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက...

UWSA မှ သျှမ်းတောင်ဘက် စစ်အင်အားဖြည့်တင်းနေသည်ဆိုသည့် ရုပ်သံများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေ

သျှမ်းပြည်တောင်ပိုင်းသို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေသည်ဆိုသည့် ရုပ်သံများ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် TikTok နှင့် ဖေ့စ်ဘုတ် Facebook များတွင် ပျံ့နှံ့နေသည့် ရုပ်သံများထဲတွင် UWSA တပ်သားအများအပြား ကားလမ်းမကြီးပေါ်...

နမ့်စန်မြို့နယ် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေး/လက်ဆေးပေးခန်း လက်နက်ကြီးထိမှန်

သျှမ်းပြည် နမ့်စန်မြို့နယ်တွင် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေးလက်ဆေးပေးခန်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၁၅) ရက် ညပိုင်းတွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ နမ့်မိုရွာအနီးတွင် သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ နမ့်မိုကျေးလက်ဆေးပေးခန်းကို...

ပင်လောင်းမြို့နယ်တွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့၊စိုးရိမ်မှုများရှိ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ‌ရေရှားမှုပြဿနာကြုံတွေ့နေရပြီး စစ်ဘေးရှောင်များ ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် တောင်ပိုင်း ဝါလီး၊ဆောင်ပြောင်း၊ထီဗွား၊လိန့်ညား စသည့်ကျေးရွာတို့တွင် ယခုလမှ စ၍ ရေရှားပါးမှု ပြဿနာများ စတင်ကြုံတွေ့ လာရကြောင်း၊အချို့ကျေးရွာများတွင် ရေများကို ဝယ်သုံးနေကြရကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကရှား ရေဆိုသုံးဖို့တောင်မကျန်တော့ အခုက...

စစ်ကောင်စီနှင့် MNDAA တို့ တရုတ်နိုင်ငံတွင် အကြိမ်ကြိမ်တွေ့ဆုံသော်လည်း အောင်မြင်မှုမရနိုင်

ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးနေသော်လည်း မအောင်မြင်နိုင်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ထပ်မံတွေ့ဆုံသည့်...

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်လေယာဉ်ဗုံးကြဲနေ

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေရာ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် လမှစတင်၍ ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)...

ကျောက်ဂူတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်၊ဒေသခံတစ်ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် မီးလောင်ပျက်စီးသွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၄ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီနှင့်ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) တို့ နှစ်နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၂)လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု...

Latest news