သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရွှေလီတံတားကို ယနေ့ (ဇန်နဝါရီလ ၂၈) ရက် နေ့လည်ပိုင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့က နယ်မြေအငြင်းပွားမှုများကြောင့် တံတားကို အပြိုင်ပိတ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲ့ရွှေလီတံတားမှာကတော့ TNLA တွေရှိတယ်။ အဲ့တံတားကို ကျော်သွားပြီးရင် KIA တွေရှိတယ်။TNLA က တံတားမှာပိတ်တယ်၊ KIA က မန်ဟင်လုံရွာပိတ်ထားတာ။အခု၂ နာရီခွဲလောက်ထိတော့ သွားလားလို့ မရသေးဘူး။”ဟု နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ (ဇန်နဝါရီလ ၂၆) ရက်တွင် ကွက်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းရှိ (KIA) ၏ ဂိတ်စခန်းကို (TNLA) တပ်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရန် ကြိုးစားသောကြောင့် နှစ်ဘက်အခြေအနေ တင်းမာခဲ့ကြောင်းသိရသည်။
မူဆယ်နှင့် ကွတ်ခိုင်ကြားရှိ နမ့်အွမ်ကျေးရွာနှင့် တီးမကျေးရွာ အနီးတဝိုက်တွင်လည်း KIA နှင့် TNLA တို့ကြား နယ်မြေအငြင်းပွားမှုများ၊ တင်းမာမှုများ မြင့်တက်နေလျက်ရှိကြောင်း သိရသည်။












Leave a Comments