၁၀၂၇ နောက်ဆက်တွဲ ကြီးထွားလာသော နယ်မြေအရှုပ် ဘယ်လိုရှင်းကြမှာလဲ

“၁၀၂၇ စစ်ဆင်ရေး” ရပ်တန့်သွားပြီးနောက်ပိုင်း သျှမ်းမြောက် မြောက်ပိုင်းတွင် နယ်မြေများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းများကြာ နယ်မြေထိန်းချုပ်မှုဆိုင်ရာ အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုမြင့်တက်လာသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက် မွန်းလွဲပိုင်းတွင် ကွက်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဂိတ်စခန်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရန် ကြိုးစားသောကြောင့် နှစ်ဘက်အခြေအနေ တင်းမာခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိ ကွတ်ခိုင်မြို့ကို TNLA က သိမ်းပိုက်ထားခြင်း ဖြစ်သကဲ့သို့ နမ့်ဖက်ကာကို KIA က သိမ်းပိုက်ထားခြင်း ဖြစ်သည်။

ထို့ပြင် မူဆယ်နှင့် ကွတ်ခိုင်ကြားရှိ နမ့်အွမ်ကျေးရွာနှင့် တီးမကျေးရွာ အနီးတဝိုက်တွင်လည်း KIA နှင့် TNLA တို့ကြား နယ်မြေအငြင်းပွားမှုများ၊ တင်းမာမှုများ မြင့်တက်နေလျက်ရှိကြောင်း သိရသည်။

ထိုနယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်ခဲ့ရာ ယခုလိုဖြေကြားခဲ့သည်။

“ကျနော်အမြင်အနေနဲ့ ပြောရမယ်ဆိုရင် အခုအချိန်မှာ ကျနော်တို့အချင်းချင်း ရန်ဖြစ်ဖို့အချိန်မဟုတ်ဘူးလို့ ကျနော်အနေနဲ့ကတော့ အဲ့လိုပြောလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုခေတ်မှာက လက်နက်နဲ့ နယ်ချဲ့၊ နယ်မြေလုပြီးမှ အုပ်ချုပ်နိုင်တဲ့ ခေတ်လည်းမဟုတ်တော့ဘူး။ ဒုတိယအချက်ကတော့ Kachin Sub-State ပေါ့နော်။ သျှမ်းမြောက်ဘက်မှာကတော့ ကျနော်တို့ကချင်တွေ အခုမှလာနေတာမဟုတ်ဘူး။ သျှမ်းတွေလည်း အသိဖြစ်ပါတယ်။ ကျနော်တို့ ကချင်တွေမောင်းထုတ်တယ်ဆိုတာတော့ ဒါလုံးဝလက်ခံစရာအကြောင်း မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုသို့နယ်မြေများအား သိမ်းပိုက်ထားပြီး ပြည်နယ်အဖြစ် သတ်မှတ်ချင်သော်လည်း လက်ရှိတွင်သတ်မှတ်နိုင်မည့် အခြေအနေမရှိသေးကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ ရှိမှသာလျှင် တင်ပြဆွေးနွေးပြီး သတ်မှတ်နိုင်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ TNLA ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း နယ်မြေစိုးမိုးမှု ပိုမိုရရှိထားသည့် တအာင်းတပ် TNLA၊ ကိုးကန့်တပ် MNDAA နှင့် ကချင်တပ် KIA တို့အကြား မကြာခဏဆိုသလို နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားနေလျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်တွင် မူဆယ်မြို့နယ် မုံးပေါ်တိုယ်နယ်ရှိ ဈေးအတွင်း၌ KIA နှင့် MNDAA တို့အကြား အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ အလားတူ ဇန်နဝါရီ ၁၈ ရက်တွင်လည်း မန်တုံမြို့နယ် မန်ဖန်ရွာတွင် KIA နှင့် TNLA တို့ကြား နယ်မြေနှင့် ပတ်သက်၍ အငြင်းပွားရာ နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာနေလျက်ရှိသည်။

လက်ရှိ သျှမ်းမြောက်အတွင်း ဖြစ်ပွားနေသည့် မဟာမိတ်အချင်းချင်းကြား အငြင်းပွားမှုများ၊ တင်းမာမှုများသည် အောက်ခြေမှ တပ်သားများဖြစ် သော်လည်း ရေရှည်မှာ မဖြေရှင်းနိုင်လျှင် ပြဿနာပိုမိုကြီးထွားလာ နိုင်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ပြောသည်။

ထိုကြောင့် ပြဿနာများ ပိုမိုမကြီးထွားလာအောင် နယ်မြေပိုင်ဆိုင်မှုကို တရားသေမယူဘဲ လူထုနှင့်တိုင်ပင်ပြီး ငြိမ်ဝပ်ပိပြားရေးကို EAO များအနေဖြင့် ဆောင်ရွက်သင့်ကြောင်း ဆိုသည်။

“ဒီပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင် အရေးကြီးနားလည်ရမယ့်အချက်ကတော့ ‘Might is right’လို့ခေါ်တဲ့ (အင်အားနဲ့ အနိုင်ယူခြင်းဟာ အမှန်တရား)ဆိုတာကို စွန့်လွှတ်ဖို့လိုပါတယ်။ နောက်ပြီးတော့ နယ်မြေပိုင်ဆိုင်မှုကို တရားသေမယူဘဲ လူထုနဲ့တိုင်ပင်ပြီး ငြိမ်ဝပ်ပိပြားရေးကို EAO တွေ ဆောင်ရွက်သင့်တယ်။ တကယ်လို့ EAO တစ်ခုထက်ပိုလို့ရှိရင် ရှေးရိုးစွဲ EAO တွေနဲ့ ပူးပေါင်းပြီး စုပေါင်းခေါင်းဆောင်မှု ပုံစံနဲ့ သွားဖို့ကောင်းတယ်။ အခုဟာက နယ်မြေချဲ့ထွက်တာက အဓိကဖြစ်ပြီး ဒီမိုကရေစီနဲ့ လူထုအခန်းဏ္ဍက လုံးဝပျောက်နေတယ်။ နိုင်ငံရေးအရ စုစည်းမှုရှုထောင်ကနေ ပြဿနာဖြေရှင်းဖို့ဆိုတာ သူတို့က လုံးဝစဉ်းစားပုံမပေါ်ဘူး” ဟု စိုင်းဝမ်းစိုင်းက ပြောသည်။

ဆက်လက်ပြီး စစ်ရေးကာလအတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုကို ကြိုးစားရမည်ဖြစ်ကြောင်း၊ နယ်မြေသတ်မှတ်မှုများနှင့်နယ်မြေပိုင်းခြားမှုများကို ငြိမ်းချမ်းပြီးဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်သည့်အချိန်မှသာလျှင် တရားဥပဒေနှင့်အညီ ညှိနှိုင်းအဖြေရှာရမည်ဖြစ်ကြောင်း ဆိုသည်။

“သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အမြင်ကျယ်ဖို့လိုပါတယ်။ ဘုံ common Identity ကို တည်ဆောက်ဖို့လိုပါတယ်။ တစ်ချိန်တည်းမှာ (unity diversity )ခေါ်တဲ့ ကွဲပြားခြားနားမှု၊ ကြားက စည်းလုံးညီညွှတ်မှုကိုလည်း ရှေးရှုဖို့လိုပါတယ်။ ဒါမှ လူမျိုးရေးပဋိက္ခကို ရှောင်လွှားနိုင်မယ်လို့ ပြောပါရစေ။ အကုန်ချုပ်ပြောရရင် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒနဲ့ နယ်မြေချဲ့ထွင်လိုမှု စိတ်ဓာတ်ထက် ဘုံအကျိုးရှိမယ့် နိုင်ငံရေး ဦးတည်ချက်ရှိဖို့လိုပါတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ထပ်လောင်းပြောသည်။

တရုတ်နယ်စပ်တွင် လှုပ်ရှားနေသည့် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)၊ ကချင်တပ် (KIA) တို့သည် မဟာမိတ်များဖြစ်ကြပြီး အဖွဲ့ ၇ ဖွဲ့ပါ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနိုင်ရေး ကော်မတီ (FPNCC) တွင် ပါဝင်ထားကြသည်။ ကျန်သည့် ၄ ဖွဲ့မှာ ရက္ခိုင့်တပ် (AA)၊ ဝတပ် (UWSA)၊ ရှမ်းတပ် (SSPP)၊ နှင့် မိုင်းလာတပ် (NDAA) တို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။