တောင်ကြီးမှာ အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ခံ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေကြောင်း မြို့ခံများထံမှ သိရသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် အမျိုးသား နည်းတန်းတူ စစ်မှုထမ်းဆောင်ရန် ဇန်နဝါရီလ မှ စပြီး အမှတ်စဉ် (၁)အတွက် စစ်ကောင်စီ မှ အမျိုးသမီးစစ်မှုထမ်းစာရင်းများ ကောက်ခံနေသည်။

ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့၊ ဖာမွန်ရွာတွင် အသက်(၁၈-၃၅) နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းစာရင်း ထွက်ရှိလာသောကြောင့် မိဘများနှင့် စာရင်းတွင် ပါသည့် အမျိုးသမီးများက စိုးရိမ်လျှက်ရှိနေသည်ဟု စစ်မှုထမ်း စာရင်းပါသည့် အမျိုးသမီးတစ်ဉီး၏ မိခင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စိုးရိမ်တာပေါ့။ ကိုယ့်သမီးပါသွားရင် ဘယ်မိဘမဆို ဘယ်စိတ်ကောင်းပါ့မလဲ။ အခုလို စာရင်းတွေ ကောက်လာတော့ တွေးပူနေရတယ်။ စစ်မှုထမ်း စာရင်းမပါခင် ရှောင်တိမ်းသင့်ရင် ရှောင်တိမ်းထားတာအကောင်းဆုံးပဲ။” ဟု ၎င်းက ဆိုသည်။

တောင်ကြီးမြို့ အမျိုးသမီး စစ်မှုထမ်းခေါ်ခံရသည့် စာရင်းများ

ထို စစ်မှုထမ်းသွားသည့် သူတိုင်း ရှေ့တန်းတွင် အကျဆုံးများသည်ဟု သိရသောကြောင့် ပို၍ စိုးရိမ်နေရကြောင်းနှင့် စာရင်းထဲတွင် သမီးနာမည် မပါရန် အတွက် ဆုတောင်းနေရသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် အသက်(၂၀) ဝန်းကျင် တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ စစ်မှုထမ်းရမည် ဆိုသောကြောင့် စိတ်ဓာတ်ကျမိကြောင်းနှင့် အနာဂတ်တွေပါ ပျောက်ဆုံးနေကြောင်း ပြောသည်။

“ကြားကြားချင်းဘာဖြစ်လဲဆိုတော့ သေချင်စိတ်ပေါက်သွားတယ်။ စိတ်ဓာတ်လည်း ကျတယ်။ စစ်တပ်ရဲ့ ကြိုးဆွဲရာ ကရမှာ ဆိုတော့ မလွယ်ဘူးပေါ့။ စစ်မှုက (၅)နှစ်ထမ်းရမယ်တဲ့။ အသက်အရွယ် တစ်ဝက်က ပညာမသင်ရဘဲ တပ်ထဲမှာ ကုန်သွားလိမ့်မယ်။ စိတ်ညစ်တယ်။” ဟုစစ်မှုထမ်းစာရင်းပါသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းခိုင်းသည်မှာ လူငယ်အမျိုးသားများ နည်းပါးလာသောကြောင့် လူစုရန် အင်အားမရှိသည့်အတွက် အမျိုးသမီးများကို ခေါ်ရကြောင်း တောင်ကြီးဒေသခံ မိဘများက မှတ်ချက်ပြုသည်။

တောင်ကြီးလမ်းမပေါ် စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ရက်တွင် လည်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း၊ မီးသွေးတန်းလမ်းဆုံတွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်ဖြင့် အသက်(၂၇) နှစ်အရွယ် အမျိုးသားတစ်ဦးကို လာရောက်ဖမ်းဆီး သွားကြောင်း ဖမ်းဆီးခံရသည့် အမျိုးသားနှင့် နီးစပ်သူအမျိုးသား တစ်ဦးက ပြောသည်။

“ မနက်ခင်းကြီး စစ်သားတွေက အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာ။ သူတို့က ငွေညစ်ချင်တာ ။ အဲဒီအမျိုးသားကို သူ့မိဘတွေက သိန်း (၂၀)နဲ့ သွားရွေးထားရတာတဲ့။ခုက နေ့ရော ညရော တောင်ကြီးမှာ မလုံခြုံတော့ဘူး။” ဟု ၎င်း နီးစပ်သူအမျိုးသား တစ်ဦးက ဆိုသည်။

ထို့သို့ တောင်ကြီးမြို့မှာ အမျိုးသားတွေသာမက အမျိုးသမီးများပါ မလုံခြုံတော့သည့် အခြေအနေကြောင့် အသွားအလာ ဂရုစိုက်သင့်ကြောင်း နှင့် တစ်ယောက်တည်း ညရေး၊ ညတာနှင့် ခရီးဝေးမသွားလာသင့်ကြောင်း တောင်ကြီးဒေသခံ မိဘများက ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် လှည့်လည်စောင့်ကြည့်နေပြီး တောင်ကြီးရပ်ကွက်အလိုက် ပေါ်တာဆွဲမှုများကို လုပ်ဆောင်နေကြောင်း ဒေသခံများ သတင်းပေးပို့ချက် အရသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...