ရွာငံတွင် စစ်ကောင်စီတပ်သားများ သေနတ်ဖောက်ခြိမ်းခြောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဖက် ကျေးရွာများတွင် စစ်တပ်မှ ကျေးရွာအလိုက် တပ်စွဲကာ သေနတ်ဖောက်ခြိမ်းခြောက်နေသည်ဟု ဒေသခံများထံမှသိရသည်။

ရွာငံမြောက်ဘက် ကျေးရွာများတွင် အင်အား(၆၀) ခန့်ရှိသည့် စစ်ကောင်စီတပ်များက တပ်စွဲနေထိုင်နေပြီး အနီးနားတောတောင်ဘက်တွင်ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်မှ စပြီး စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုသို့ စစ်ကြောင်းထိုးရာတွင် ဒေသခံများကို သေနတ်ဖောက်ခြိမ်းခြောက်မှုကြောင့် တောင်ယာမသွားရဲသည့် အပြင် အိမ်ထဲအိမ်ပြင်ပါ မထွက်ရဲကြတော့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ခဏခဏ စစ်ကြောင်းလာထိုးတာ။ ရွာက ဘုန်းကြီးကျောင်းမှာလည်း လာတည်းတယ်။ ညဆို ရင်တော့ စစ်ကားနဲ့ကင်းလှည့်တယ်။နေ့ဆို ဒီနားက တောထဲကို စစ်ကြောင်းထိုးတယ်။ အင်အားက (၆၀)လောက်ရှိတယ်။ သေနတ်သံဖောက်သံတွေလည်း ခဏခဏ ကြားရတယ်။ ရင်တမမနဲ့ ကြောက်နေရတယ်။” ဟု အဆိုပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အမျိုးသမီးများပါ စစ်မှုထမ်းရမည်ဆိုသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်သားများက ကျေးရွာအဝင်ထွက် တင်းကြပ်နေပြီး မှတ်ပုံတင်ကို စစ်တပ်ဂိတ်တွင် ပေးပြီးမှ ရွာပြင်ထွက်ခွင့်ရသည်ဟု အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ခုနောက်ပိုင်း ပိုဆိုးလာတယ်။ ရွာထဲလဲ စစ်တပ်ရှိတယ်။ရွာပြင်လဲရှိတယ်။ ရွာပြင်ထွက်ရင် စစ်သားတွေနားမှာ မှတ်ပုံတင်ထားခဲ့ရတယ်။ဘယ်သွားမယ် ဘယ်နရက်ကြာမယ်ဆိုတာကိုပါ လက်မှတ်ထိုးထားခဲ့ရတယ်။” ဟု အဆိုပါ အမျိုးသားက ဆက်လက်ပြောသည်။

ယခုလက်ရှိရွာငံတွင် သေနတ်သံများ မကြာခဏ ကြားလာရပြီး စစ်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်လျှက် ရှိနေကြသည်။

ထို့အပြင် ခရီးသွားရာသီဖြစ်သောကြောင့် ရွာငံ အဝင်အထွက် စစ်တပ်ဂိတ်များက ခရီးသွားများကို ငွေညှစ်တောင်းနေသည်ဟု သိရှိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...