ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးဆိုသည့် သတင်းအမှား

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး ခေါ်ယူရန် အစီအစဉ်မရှိသေးပါ” ဟု ရေးသားဖြန့်ဝေခဲ့သည်။

ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး မှိုင်းဝေချန်နယ်အပြင် အခြားစစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များကလည်း ဖြန့်ချိနေသည်။

မူရင်းလင့်ခ် – https://archive.ph/YGDfX

ဆက်စပ် သတင်းအမှား – https://archive.ph/q1lHE

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ ရန်ကုန်မြို့အပါအဝင် မြို့နယ်အချို့တွင် အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီ၏ ရပ်ကျေးတာဝန်ရှိသူများက စာရင်းကောက်ခံခြင်း၊ စိစစ်ခြင်း လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

BBC သတင်းဌာနတွင် ရန်ကုန်မြို့၌ အမျိုးသမီးစစ်မှုထမ်းအတွက် စစ်ကောင်စီ၏ ရပ်ကျေးတာဝန်ရှိသူတွေက စာရင်းစိစစ်ခြင်း လုပ်ဆောင်လာနေကြောင်း မြို့ခံများ၏အတည်ပြုချက်ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့က ဖော်ပြသည်။

ထို့ပြင် အမျိုးသမီးစစ်မှုထမ်းများအတွက် ဒီဖင်ဘာလမှစတင်၍ သင်တန်းကျောင်းများ စတင်ပြင်ဆင်နေကြောင်း CDM တပ်အသိုင်းအဝိုင်း သိရှိရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/hR7C0

ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၂၅ ရက်ကစတင်ပြီး အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ယူနေပြီး ယနေ့အချိန်ထိ ရပ်ကွက်အတွင်း နေ့ရော၊ ညပါ ဆက်တိုက်ကောက်ယူနေသည်ဟု မြို့ခံများက ပြောဆိုကြောင်း People’s Spring က ဇန်နဝါရီလ ၂၉ ရက်နေ့၌ ဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/3Kads

ထို့အတူ သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် အသက် ၁၈ နှစ် ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းစာရင်း ထွက်ရှိလာသောကြောင့် မိဘများနှင့် စာရင်းတွင်ပါရှိသည့် အမျိုးသမီးများက စိုးရိမ်နေကြောင်း အမျိုးသမီးတစ်ဦး၏ အတည်ပြုချက်ဖြင့် သျှမ်းသံတော်ဆင့်က ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/7bOjr

သုံးသပ်ချက်

ထို့ကြောင့် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးကြောင်း ဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။ ထို့အပြင် သတင်းမီဒီယာ၏ တင်ပြချက်ကို သတင်းအမှားဖြန့်တယ်ဆိုပြီး ပုံဖျက်ရေးသားထားပါသည်။

လက်ရှိ ရန်ကုန်မြို့အပါဝင် မြို့နယ်အချို့တွင် အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက စာရင်းကောက်ခံခြင်း၊ စိစစ်ခြင်း ပြုလုပ်နေလျက်ရှိသည်။

သတင်းအမှားဖြန့်ချိသူတွေက အမျိုးသမီးများ စစ်မှုထမ်းခေါ်နေသည်ဆိုသည့် သတင်းကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက် ရှိရှိဖြင့် လှည့်ဖြားရေးသားဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။
စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...