ကျောက်ဂူဒေသ သူခိုးစစ်ကြောင်း နာမည်ကြီးနေ

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ ရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်း ခိုးယူသွားသဖြင့် ယင်းစစ်ကြောင်းအား ဒေသခံများက သူခိုး စစ်ကြောင်းဟု နာမ်စားသုံး ရည်ညွှန်း ပြောဆိုနေကြကြောင်း ဒေသခံများထံ သိရသည်။

တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်က စတင်၍ စစ်ကြောင်းထိုးရာ ကျေးရွာ အတွင်း လူနေအိမ်များ၊ ဆိုင်များအား ဖောက်ထွင်းခိုးယူ၍ ကျေက်ဂူဒေသ အခြေစိုက် အမတ (၃၄၉) အမြောက်တပ် အတွင်း သယ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

“စိတ်ကြိုက် မွှေပြီး ခိုးသွားတာ။ မသယ်နိုင်တဲ့ဟာတွေ ဖျက်ဆီးခဲ့တာ။ သူခိုးတွေ၊ အိမ်အများကြီး အဖောက်ခံရတယ်။ တခြားအဖွဲ့တွေ အဲလိုမခိုးဘူး။ သူတို့ပဲ၊ အဲ့ကြောင့် သူခိုးစစ်ကြောင်းလို့ ခေါ်တာ” ဟု ဒေသခံ တဦးက ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကစ၍ ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုတပ် (DPLF) တိုက်ပွဲ ပြင်းထန်ခဲ့ရာက ကျောက်ဂူတိုက်နယ် ဒေသခံများ ထွက်ပြေးနေစဥ◌် ဇန်နဝါရီ ၁၆ ရက်နေ့ စစ်ကောင်စီ လေကြောင်းမှ ဗုံး ၅၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့ ဗုံးကြဲချမှုကြောင့် ကျောက်ဂူရွာအတွင်း အိမ်စောင့်ကျန်ခဲ့သူများပါ ထွက်ပြေးခဲ့ရပြီးနောက် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်ကာ ပြည်သူ နေအိမ်နှင့် ဈေးဆိုင်များအား စိတ်ကြိုက် ဖောက်ထွင်းခိုးယူသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သွားကြည့်တဲ့လူက ပြောတယ်၊ ခိုးသွားတာ တရွာလုံး ဘာမှမကျန်ဘူးတဲ့။ မနက်ဖြန်လောက် ပြန်ကြည့်မလား စဥ်းစားနေတာ၊ ခိုးလို့ဝပြီ ဆိုတော့ ထပ်မလာလောက်တော့ဘူး ထင်တယ်” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ဗုံးကြဲပြီးနောက် ကျောက်ဂူဒေသသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက်ခဲ့ရာက ယနေ့အထိ တိုက်ပွဲများ ငြိမ်သက်နေပြီး ရွာအတွင်းမှ သူခိုး စစ်ကြောင်း ပြန်ထွက်သွား သဖြင့် စစ်ဘေးရှောင် ဒေသခံများ နေအိမ်ပြန်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

သျှမ်းတောင်နှင့် သျှမ်းမြောက် ဆက်သွယ်ရာ စစ်ရေးအရ အချက်အခြာကျသည့် ကျေက်ဂူဒေသတွင် သျှမ်းတပ် ၂ ခုဖြစ်သည့် SSPP နှင့်RCSS သာမက ပအိုဝ်းပြည်သူ့စစ် PNO တို့ လှုပ်ရှားနေပြီး လက်ရှိ အသစ်ဖွဲ့စည်းထားသည့် ဓနုတပ် (DPLF) လှုပ်ရှားနေသည်။

နာမည်ကျော် တိုက်ပွဲ ဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာနှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် ကျောက်ဂူဒေသတွင် စစ်ကောင်စီ စစ်ကြောင်းများကို DPLF က ကြားဖြတ် တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံများ စစ်ဘေးလွတ်ရာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...