သျှမ်းပြည် တောင်ပိုင်းရှိ စစ်ဘေးရှောင်များ ရေရှားပါးမှုပြဿနာများကြုံတွေ့နေရ

သျှမ်းပြည် တောင်ပိုင်းတွင် ရောက်ရှိနေသော စစ်ဘေးရှောင်များအတွက် ‌ရေရှားပါးမှု ပြဿနာများ စတင် ကြုံတွေ့လာရကြောင်း သတင်းရရှိသည်။

လက်ရှိတွင် တောင်ပေါ်ဒေသရှိ တွင်းရေကန်ရေများ စတင်ခမ်းခြောက်လာသည့်အတွက် သျှမ်းပြည် တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ ၊နောင်တရား ၊ ဆီဆိုင် နှင့် ပင်လောင်း စသည့် မြို့နယ်တို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ရေရှားပါးမှု ပြဿနာများ စတင်ကြုံတွေ့လာရကြောင်း တောင်ကြီးမြို့ စစ်ဘေးရှောင် ကူညီသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့ နေရာထိုင်ခင်းကျဉ်တဲ့ နေရာတွေ နဲ့ လျှပ်စစ်မီးတွေ သိပ်မရတဲ့နေရာတွေ ဘုန်းကြီးကျောင်းမှာနေတော့ လူများတဲ့ဟာတွေဆိုရင် ရေပြဿနာက စရှိလာတယ်။ အခုကဆောင်လည်း ကုန်ခါနီးပြီဆိုတော့ တချို့နေရာတွေ ကလည်း ရေတွေကခမ်းကုန်ပြီ။”ဟုတောင်ကြီးမြို့ စစ်ဘေးရှောင် ကူညီသူအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ နောင်တရားမြို့တွင်ကျန်ရှိနေသည့် စစ်‌ဘေးရှောင် ၃၀၀၀ ကျော်သည် လက်ရှိတွင် ရေမသန့်ရှင်းမှု နှင့် သောက်သုံး ရေပြဿနာများကြုံတွေ့နေရပြီး ချောင်ရေများကို သုံးနေရကြောင်း နောင်တရားမြို့စစ်ဘေးရှောင် ကူညီသူအမျိုးသားတစ်ဦးက ဆက်ဆိုသည်။

“ရေတွေနေနဲ့ ပတ်သတ်ပြီးတော့ အခက်အခဲတွေကဖြစ်နေပြီ။ ချောင်းရေတွေကို သုံးခိုင်းထားရတယ်။ တွင်းရေတွေကလည်း မသန့်တော့ဘူး။ သောက်ရေတွေ အတွက်ကတော့ စစ်ဘေးရှောင်တွေက ကိုယ်နည်း ကိုယ်ဟန်နဲ့ ဝယ်သုံးနေကြရတာ။ ပြီးတော့ ကျနော်တို့ရဲ့ ဒေသကလည်း ရေရှားတဲ့ နေရာဖြစ်တာပေါ့။ အဖွဲ့အစည်းတွေကို ကူညီတွေတော့ တောင်းထားတယ် ဘာမှတော့ပြန်မပြောသေးဘူး။”ဟု ၎င်းက ပြောသည်။

ပင်လောင်းစစ်ရှောင်

လက်ရှိရေရှားပါမှုကြောင့် စစ်ရှောင်များသည့် ရေမသန့်ရှင်းမှု ပြဿနာများကြုံတွေ့နေရသည့်အတွက် ကလေးငယ်များ အရေပြားရောဂါများ ဖြစ်လာမည်ကိုလည်း စိုးရိမ်းနေကြရကြောင်း ဒေသခံများကပြောသည်။

သောက်ရေသုံးရေများ မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အသည်းရောင်အသားဝါ၊ အူရောင်ငန်းဖျား၊ ပိုလီယို၊ အရေးပြားရောဂါများ ဖြစ်တတ်ပြီး အသက်ဆုံးရှုံးသည် အထိ ပြင်းထန်နိုင်ကြောင်း သူနာပြုတစ်ဦးကဆက်ပြောသည်။

သျှမ်းပြည် တောင်ပိုင်း တစ်နှစ်ကျော်ကြာတိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ မြို့နယ် တို့တွင် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ (၆၅၀၀၀) နှင့် အထက်ရှိနေဆဲ ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ ယခုနှစ် ဇန်နဝါရီ(၁၅)ရက်တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...