CATEGORY

စစ်ရေး

သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းသို့ MNDAA ဝင်ရောက်လာပြီး နှစ်ဘက်သေနတ်ပစ်ခတ်မှုဖြစ်

သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို ဖယ်ရှားရန် ကိုးကန့်တပ်ဖွဲ့ MNDAA ဝင်ရောက်လာစဉ် နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၁၀ နာရီခန့်တွင် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ နမ္မ၊ ကုန်းပေါင်းနှင့်...

နောင်ချိုတွင် အပစ်ရပ်ထားသည့်ကြားမှ နေ့စဉ်လေယာဉ်ဖြင့် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အပစ်ရပ်ထားသည့်ကြားမှ စစ်ကောင်စီသည် နေ့စဉ်နီးပါး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရပါသည်။ ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်မှ (၂၈) ရက်အထိ နောင်ချိုမြို့နယ် လုံးရုံကျေးရွာအုပ်စု ကျောက်ကြမ်းကျေးရွာနှင့် သဖန်းကုန်း ကျေးရွာဘက်တို့တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ထိခိုက်မှုမရှိသော်လည်း အဆောက်အဦ...

လားရှိုးမြို့ပေါ် စစ်ကောင်စီယန္တရား ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများစိုးရိမ်

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မေလ (၁) ရက်မှစတင်ပြီး စစ်ကောင်စီတပ် ပြန်လည်အခြေစိုက်ထားသည့် လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ ဝန်ထမ်းအများအပြား ထပ်မံရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂...

မိုးဗြဲမြို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်း စစ်ကြောင်းထိုး၊ တိုက်ပွဲများပြင်းထန်နေ

သျှမ်း - ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဧပြီလ ၂၈ ရက်) နံနက် (၅) နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ခြေမြန်တပ်ရင်း...

ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေး သယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟု သတင်းအမှားဖြန့်

လူမှုကွန်ရက်မီဒီယာတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တံဆိပ်တုံးပါ (999) သုံးလုံးမူးယစ်ဆေးသယ်လာသူနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းအမှားဖြန့်ချိနေပါသည်။ ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ...

လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်

မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။ အဆိုပါ သတင်းအမှားကို MT...

ရွာငံ စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုရှိ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့် ကျူးလွန်မှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ ယမန်နေ့ ဧပြီလ (၂၄) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ (၆)ရက်နေ့တွင် ရွာငံနယ်ဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည်...

“အာဏာရှင်မပြုတ်မချင်း လူငယ်တွေရဲ့အိပ်မက်တွေ ထင်သလောက် ဖြစ်လာမှာမဟုတ်ဘူး”

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်စွဲကိုင်သော နည်းလမ်းဖြင့် တော်လှန်နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများထဲတွင် သျှမ်းပြည်တောင်ပိုင်းက တော်လှန်ရေးတပ်ပေါင်းစုလည်း ပါဝင်သည်။ ထိုတော်လှန်ရေးတပ်ပေါင်းစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MOD ကွပ်ကဲမှုအောက်မှ တပ်ရင်းများ ရှိသကဲ့သို့ သီးခြားအနေဖြင့် ရပ်တည်နေသည့် တပ်ရင်းတချို့လည်း ရှိသည်။ လက်ရှိတွင် MOD ၏ ကွပ်ကဲမှုအောက်မှ...

ကျေးသီးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ် တောင်းခံနေကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၈၆) စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ကားသမားနှင့် ခရီးသွား ပြည်သူများကို စစ်ဆေးမှု တင်းကြပ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို...

အပစ်ရပ်ထပ်တိုးနေ့တွင် PNLO ဌာနချုပ်နှင့်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

အပစ်အခတ်ရပ်စဲကြောင်း သက်တမ်းထပ်တိုးကြေညာသည့်နေတွင် စစ်ကောင်စီတပ်က သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ PNLO ၏ ဌာနချုပ်နှင့် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA မှ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသား...

Latest news