ရွေးကောက်ပွဲကို ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်ဟု စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ (မေလ ၁၉ ရက်)တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး မူလရည်ရွယ်ချက်အတိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

ရွေးကောက်ပွဲပြုလုပ်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်သော်လည်း ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထမြောက်သည့် အပိုင်းများကို ထည့်သွင်းရေးသားထားကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်း ယာယီသမ္မတ တာဝန်ယူထားပြီး ပြီးခဲသည့် ဇန်နဝါရီလ ၃၁ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသည်ဟု အကြောင်းပြကာ နိုင်ငံတော်အရေးပေါ် အခြေအနေကို (၇) ကြိမ်မြောက် သက်တမ်းတိုးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရခဲ့သည့် NLD အစိုးရသက်တမ်းတွင် စစ်ကောင်စီတပ်မှ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့လည်း နိုင်ငံတော်အတွက် အရေးကြီးသည့် ကာလများ၌ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးအား ပြုလုပ်ခဲ့ခြင်း မရှိသည့်အပြင် ဥပဒေနှင့် မညီသော ပြဋ္ဌာန်းချက်များကို အတည်ပြုခဲ့ကြောင်း ထပ်လောင်းပြောဆိုသည်။

စစ်ကောင်စီ အစည်းအဝေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု ဖြစ်ပွားခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်ကတည်းက ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများအရ “ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်နေသည့် ကာလဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခိုင်းနှိုင်းပြောဆိုသည်။

ယခုနှစ် ၂၀၂၅ ဒီဇင်ဘာလကုန်ပိုင်း သို့မဟုတ် လာမည့်နှစ် ၂၀၂၆ ဇန်နဝါရီ လဆန်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် စစ်ကောင်စီဘက်က ပြင်ဆင်နေပြီး နိုင်ငံရေးပါတီ ၅၀ ကို မှတ်ပုံတင်ခွင့်ပြု၍ ပါတီသစ်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၂၁ ခုရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ UEC က ထုတ်ပြန်ထားသည်။

သို့သော် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို တိတိကျကျ သတ်မှတ်ထုတ်ပြန်ခြင်း မရှိသေးဘဲ လာမည့် ဇူလိုင်လ ၃၁ ရက်တွင် အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးချိန် ပြုလုပ်မည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသူများက ပြောဆိုသည်။

၂၀၂၅ အတွင်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း ဆန့်ကျင်ကန့်ကွက်ထားပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်အခတ် ရပ်စဲပြီး တွေ့ဆုံဆွေးနွေးပွဲ စတင်နိုင်ရန် ဇန်နဝါရီလတွင် တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...