ရွာငံမြို့နယ်က ကျေးရွာအချို့ အား စစ်ကောင်စီမှ တစ်အိမ်ကျပ်ငွေတစ်သောင်း တောင်းခံနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီမှ ဒေသခံပြည်သူများကို လစဉ် ကျပ်ငွေ တစ်သောင်း ကောက်ခံနေသောကြောင့် စားဝတ်နေရေးကြပ်တည်းနေကြကြောင်း စုံစမ်းသိရ သည်။

ရွာငံမြို့နယ် အတွင်းရှိ နွားဘန်းကြီး ကျေးရွာရှိ ဒေသခံများက စစ်ကောင်စီကို အကြောင်းရင်းမသိရဘဲ လစဉ် ကျပ်တစ်သောင်း ကို ခြောက်လနီးပါး ပေးဆောင်နေရသောကြောင့် ဒေသခံများ စားဝတ်နေရေး ကြပ်တည်းနေကြောင်း အမည်မဖေါ်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြော သည်။

“လွန်ခဲ့တဲ့ (၆) လ ကတည်းကစပြီး တစ်အိမ်ကိုတစ်သောင်းပေးနေရတယ်၊ ဘာကြောင့်ထည့်ရတာလဲ ဆိုတာလဲ မသိရဘူး၊ သူတို့လက်နက်ကိုင်ထားတော့ ဘယ်သူမှမမေးရဲဘူး၊ သူတို့ကိုကြောက်နေရတာ၊ စားဖို့ထက် သူတို့ကို တစ်လတစ်သောင်းပုံမှန်ထည့်နိုင်ဖို့ ကြိုးစားနေရတယ်” ဟု ၎င်းဒေသခံကပြောသည်။

ထို့ပြင် ဒေသခံများ မိုဘိုင်းဖုန်း ကိုလွတ်လွတ်လပ်လပ် အသုံးပြု၍ မရဘဲ စစ်ကောင်စီတွေ့ရှိလျှင် သိမ်း ဆည်းမှုများလုပ်နေကြောင်းကိုလည်း ၎င်းဒေသခံက ဆက်ပြောသည်။

“ဖုန်းက လွတ်လွတ်လပ်လပ်သုံးမရဘူး၊ ခိုးသုံးရတယ်၊ သူတို့ရှေ့သွားရင် ယူမသွားရဲဘူး ကြောက်နေရ တယ်၊ တွေ့ရင် စစ်ဆေးမေးမြန်းပြီး ဖုန်းသိမ်းတာတွေ၊ ဖမ်းဆီးတာတွေရှိတယ်” ဟု ၎င်းကဆက်ပြော သည်။

စစ်ကောင်စီ မတရားကောက်ခံ ရရှိသော ကျပ်သိန်းပေါင်း (၈၀) ကို နယ်ပြောင်းသွားသော စစ်ကြောင်း မှူးက သိမ်းယူသွားသဖြင့် ဤလ အတွင်း ငွေထပ်ထည့်ရန် တောင်းခံနေကြောင်း ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်မ‌တော်မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မျှားကလေးရွာ၊ အင်တောရွာ၊ လယ်ကိုင်းရွာ စသည့်ရွာများတွင်လည်း တစ်အိမ်လျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် လစဉ်စစ်ကောင်စီကို ပေးဆောင်နေရကြောင်း ပါရှိသည်။ နွားဘန်းကြီးရွာတွင် အိမ်ခြေပေါင်း ထောင် ကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုမှစ စစ်ကောင်စီမှ ထိုရွာကို အကြောင်းမဲ့ စစ်ကြောင်းထိုးမှုများ ရှိကြောင်း ဒေသခံများပြောကြား ချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...