ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...
တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...
စစ်ကောင်စီမှတောင်းခမ်းကို ထိုးစစ်ဆင်နေပြီး အဆိပ်ငွေ့ဗုံးအသုံးပြုကာ တိုက်ခိုက်နေ
သျှမ်းပြည်မြောက်ပိုင်း၊နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီမှ အပြင်းထန်ထိုးစစ်ဆင်နေပြီး အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်လာကြောင်းဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ဧပြီလ (၂၁)ရက်စွဲဖြင့်ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဧပြီလ (၂၀)ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(TNLA)နှင့် (DPLA)တို့ရှိသည့် တောင်းခမ်းကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများကို နေ့လည် (၁)နာရီအချိန်တွင် (၃)လုံး၊ ညနေ (၃)နာရီအချိန်တွင် (၄)လုံး စသည်ဖြင့် အဆိပ်ငွေ့ဗုံးများကို ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်...
လားရှိုးမြို့ပေါ် တရုတ်အကူအညီဖြင့် စစ်ကောင်စီ၏ စစ်ကားရာနှင့်ချီ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာ
သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အကူအညီဖြင့် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ်တန်းဖြင့် ဝင်ရောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၂ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး စစ်ကောင်စီတပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ကား (၁၂၀)...
သျှမ်းတောင်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် SSNDF ဖွဲ့စည်း
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းတောင်အမျိုးသား ကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်...
လားရှိုးမြို့ပေါ် တရုတ်အလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းရောက်လာ
သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းများလည်း ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၉ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ တရုတ်နိုင်ငံအလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့”ဟူ၍ တရုတ်နှင့်...
SHAN -
သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ...
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ မီးရှို့ခဲ့ပြီးနောက် PDF များက ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧပြီ ၈ ရက်တွင် စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။ SittNwayOo တယ်လီဂရမ်ချန်နယ် က ဧပြီ ၈ ရက် မနက်ပိုင်းတွင် “ချောင်းဦးမြို့နယ်...
SHAN -
ညီနောင်မဟာမိတ် (၃) ဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံနည်းလမ်းမျိုးစုံဖြင့် အတူတကွကျော်ဖြတ်ပြီး “၁၀၂၇ စစ်ဆင်ရေး” စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိအောင် စည်းလုံးညီညွတ်ကြမည်ဟု TNLA နှင့် MNDAA တို့က AA ထံ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၁၀ ရက်)...
သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။ ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...






