ညောင်ရွှေမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးဆက်လက်တင်းမာနေ

သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီ ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ စစ်ရေးဆက်လက်တင်းမာနေကြောင်း စုံစမ်းသိရသည်။

မေလ ပထမပတ်မှစတင်၍ စစ်ကောင်စီသည် စစ်အင်အားများဖြည့်ပြီး ညောင်ရွှေမြို့နယ်အတွင်းရှိ စန့်စွဲ၊ စန်းလိပ်၊ နားကုန်း၊ ရေပူ၊ တောင်ပို့ကွဲ နှင့် ဖယ်ခုံမြို့နယ် လွယ်ပေါရွာ အနီးတဝိုက်ကို စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ခြင်းကြောင့် ယမန်နေ့ (မေလ ၁၃ ရက်) အထိတိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ထိတော့ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီနေ့တော့ငြိမ်နေတယ် ဘယ်လို လာမယ်မသိသေးဘူး။ ပြီးခဲ့တဲ့ရက်တွေမှာ စစ်ကောင်စီကကျေးရွာထဲက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးမှု တွေလုပ်တာလည်းရှိပါတယ်။”ဟု ၎င်းကပြောသည်။

ထိုအပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တို့သည် စန့်စွဲ ကျေးရွာရှိနေအိမ်အချို့ကို မီးရှိုးပျက်စီးမှုများ ပြုလုပ်ခဲ့ကြောင်း ဖယ်ခုံ(၁၀၀၆တပ်ရင်း) မှ ယမန်နေ့ (မေလ ၁၄ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ တပ်ပေါင်းစုကနေ မကြာခင်မှာ အသေးစိတ်ပြန်ပြီး သတင်းထုတ်ပြန်သွားမှာပါ။ လောလောဆယ် ဒီနေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိပေမဲ့ စစ်ရေးတွေ ဆက်တင်းမာနေပါတယ်။”ဟု ဖယ်ခုံ(၁၀၀၆တပ်ရင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စန့်စွဲကျေးရွာရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က စစ်ကြောင်းထိုးမှု (၄) ရက်တာကာလပတ်လုံး အဆက်မပြတ်မီးရှို့နေခဲ့ပြီး မေလ(၉)ရက်နေ့တွင် အိမ်အခြေ အလုံး(၂၀)နီးပါ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ယနေ့ မေလ ၁၄ ရက် မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီ မှ စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး နှစ်ဖက် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်စတင်၍ စစ်ကောင်စီ နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တို့သည့် ညောင်ရွှေမြို့နယ် ၊ ဖယ်ခုံ နှင့် မိုးဗြဲ တကြောင့် ပြန်လည်ထိုးစစ်ဆင်းမှုအပြင်းအထန်ပြင်လုပ်နေပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မီးလောင်ဗုံး၊ အဆိပ်ငွေ့ဗုံးများကို အသုံးပြုတိုက်ခိုက်သည့်အပြင် ကျေးရွာရှီ နေအိမ်များကိုပါ မီးရှို့ဖျက်စီးမှုများ ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...