တောင်ကြီးတွင် သော့အတုများဖြင့် ဆိုင်ကယ်များ ပေါ်တင်ခိုးယူနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် သော့အတုများဖြင့် ဆိုင်ကယ်များလိုက်လံ ခိုးယူနေကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့တွင် ယခင်လများတွင် လူပြတ်သည့်နေရာများတွင် ဆိုင်ကယ်လုယက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် လူများသွားလာနေသည့် နေရာများတွင် သော့အတုဖြင့် ပေါ်တင်ခိုးယူနေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများကပြောသည်။

ပြီးခဲ့သည့် မေလ (၁၀)ရက်နေ့တွင်လည်း တောင်ကြီးမြို့ သွားဆေးခန်းသွားပြသော အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ကို ရပ်ခဲ့စဉ် အမည်မသိ အမျိုးသားနှစ်ဦးမှ လာရောက်ကာ ၎င်းတို့တွင် ပါလာသော ဆိုင်ကယ်သော့ အတုဖြင့် ပေါ်တင်ဖွင့်ပြီး ခိုးယူသွားကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သွားဆေးခန်းပြနေတုန်း ဆိုင်ကယ်ကို ဇက်သော့ခတ်ထားခဲ့တာ။ဘယ်ကလူတွေလည်း မသိဘူး။သူတို့မှာ ပါလာတဲ့ သော့လိုလို အရာနဲ့ ဆိုင်ကယ်ဖွင့်လိုက်တာ ပွင့်သွားတာ။အဲတာကို သူ့ဆိုင်ကယ်ပါဆိုပြီး အတင်း ယူဖို့ လုပ်တာ။ စကားများကြပြီး အထောက်ထာားပြခိုင်းမှ အဲလူနှစ်ယောက်က ပြန်သွားတယ်။” ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ဘုရားဖြူရပ်ကွက်တွင်လည်း မုန့်ဆိုင်ရှေ့တွင် ရပ်ထားသည့် ကလေးတစ်ဦး၏ဆိုင်ကယ်ကို သော့အတုဖြင့် ဖွင့်၍ ပေါ်တင်ယူဆောင် မောင်းပြေးသွားသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး မေလ (၆)ရက်နေ့တွင်လည်း ဟဲဟိုး တောင်ပေါ်ဒေသအကျော် လက်ပံပင်တန်းတွင် ယာဉ်ထိန်းရဲ ဝတ်စုံဝတ်ထားသူ နှစ်ဦးမှ ကားတစ်စီးကို စစ်ဆေးပြီး စီမံချက်ဖြင့် ဖမ်းသည်ဟုဆိုကာ ကားနှင့် စာရွက်စာတမ်း အားလုံးကို ယူဆောင်သွားသည်ဟု သိရသည်။

“မော်တော်ပီကယ် အင်္ကျီဝတ်ထားတာက တစ်ယောက် ၊အမဲဝမ်းဆက်နဲ့က နှစ်ယောက်။သူတို့က ကျနော့်ကားကို တားပြီး ဖုန်းတွေကို စစ်တယ်။ ပြီးရင် စာရွက်စာတမ်း အကုန်စစ်တယ်။ ပြီးတော့ စီမံချက်နဲ့ ဖမ်းတယ်လို့ပြောတယ်။ မနက်ဖြန်မှ အေးသာယာမှာ လာရွေးဆိုပြီး နံပါတ်တစ်ခု ပေးသွားတယ်။ ခု ဆက်မရတော့ဘူး။” ဟု ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကားသမားသည် ကားဝယ်ထားသည်မှာ (၅)လသာ ရှိသေးပြီး သက်ဆိုင်ရာ ဌာနများကို လိုက်လံမေးမြန်းသော်လည်း မေလ (၆)ရက်တွင် အောင်ပန်း၊ ကလော၊ ဟဲဟိုးဘက်တွင် အဖမ်းမရှိကြောင်း ပြောသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခုကဲ့သို့ ခိုးဆိုးလုယက်မှုများကို တာဝန်ရှိ လူများအနေဖြင့် ဖမ်းဆီးခြင်း အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်းလည်း တောင်ကြီးဒေသခံများကပြောသည်။

“တာဝန်ရှိတဲ့ လူတွေက အရေးယူ ဆောင်ရွက်ပေးတာတွေ လုပ်စေချင်တယ်။ခုက သူခိုင်းတွေကို ဖမ်းဆီးတာတွေ အရေးယူပေးတာတွေ မရှိတော့ သူခိုးတွေ မသမာသူတွေက ထပ်ခါထပ်ခါ ခိုးတာတွေ လုယက်တာတွေ ပေါ်ပေါ်တင်တင်ကြီး လုပ်လာတာ။ဒါကြောင့်မို့ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့တွင် ဆိုင်ကယ်လုယက်သူများ၊ သူခိုးများ သောင်းကျန်းနေပြီး ထိထိရောက်ရောက် ဖမ်းဆီးခြင်း အရေးယူဆောင်ရွက်ပေးမည့် အဖွဲ့အစည်း မရှိသေးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...