ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးဖြင့် ထပ်ကြဲ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ပေါင် (၅၀၀) ဗုံးဖြင့် ထပ်မံကြဲချခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၅ ရက်) ည ၉ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ပေါင် (၅၀၀) ဗုံးဖြင့် ၂ လုံးကြဲချခဲ့ပြီး အဆောက်အဦအချို့ ပျက်စီးကာ လူထိခိုက်သေဆုံးမှု မရှိကြောင်း ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ် SSNDF/KNDF မှ စစ်ထောက် စိုင်းဆိုင်ဖက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက လအိကျေးရွာရဲ့ ဘန်ကောင်စစ်ရှောင်စခန်းကို ပေါင် (၅၀၀) ဗုံးနဲ့ ၂ လုံးကြဲသွားတယ်။ စစ်ရှောင်စခန်းမှန်း သိရက်နဲ့ကြဲတာ” ဟု စိုင်းဆိုင်ဖက ပြောသည်။

စစ်ဘေးဒုက္ခသည်များ ခှိုလှုံနေသည့် ဘန်ကောင်စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းဖြင့် မကြာခဏ ဆိုသလို ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး၊ ယခုအခါသည် တတိယအကြိမ်မြောက်အပြင်းအထန်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သျှမ်း-ကရင်နီ (ကယား) နယ်စပ် လအိကျေးရွာတွင် တည်ရှိသည် ဘန်ကောက်စစ်ရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာ ၅ ရက်နေ့တွင် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်တွင် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး နေအိမ်အလုံး ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် ၂၀၂၄ နိုဝင်ဘာလ ၁၈ ရက်တွင် ဘန်ကောင်စစ်ရှောင်စခန်းကို စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၅ မေလ ၁၄ ရက် တတိယအကြိမ် ဗုံးကြဲခံရသည့် ဘန်ကောက်စစ်ရှောင်စခန်း (ဓာတ်ပုံ – KPV/ Nyein Mg)

ကရင်နီပြည်နယ်အတွင်း ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါသော မြို့တော် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော မိုးဗြဲကို ထိုးစစ်ဆင်လာ၍ ယခုရက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း SSNDF/KNDF မှ စစ်ထောက် စိုင်းဆိုင်ဖ ထပ်လောင်းပြောသည်။

“အဓိကတော့ သူတို့ရဲ့ နယ်မြေစိုးမိုးမှုနဲ့ သူတို့ ဗျူဟာအရ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီးကို ရချင်တာပေါ့။ ပြီးတော့ စစ်ကောင်စီ ရွှေးကောက်ပွဲအတွက် ကရင်နီလွိုင်ကော်က အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ပါနေတာ” ဟု စိုင်းဆိုင်ဖက ပြောသည်။

စစ်ကောင်စီသည် ပအိုဝ်းပြည်သူ့စစ် PNO အင်အားနှင့် ယခုမေလဆန်းမှစ၍ ညောင်ရွှေ-စန့်စွဲ-စန့်လိတ်-ထီရီး လမ်းပိုင်းတွင် စစ်ကြောင်း ၆ ကြောင်းဖြင့် ထိုးစစ်ဆင်လာာနေကြောင်း ၎င်းကဆက်ပြောသည်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မိုးဗြဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မြို့ပြင်ရှိ ခမ၇ (၄၂၂) တပ် မသိမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် စစ်ကောင်စီတပ်သည် ထိုစစ်တပ်ကို အခြေပြုကာ စစ်သည်အင်အား၊ လက်နက်ခဲယမ်းများ ဖြည့်တင်းပြီး မိုးဗြဲမြို့ကို စစ်ကြောင်းထိုး၍ ပြန်သိမ်းနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...