သျှမ်းပြည် ညောင်ရွှေမြို့နယ် စစ်ကောင်စီက ကျေးရွာအတွင်းကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့ ( မေလ ၁၅ ရက် ) မနက် ၁ နာရီ ခွဲဝန်ကျင်တွင် ညောင်ရွှေမြို့နယ် အင်းလေးတောင်ဘက်ခြမ်း ရှိ ဘုရားတောင်ရွာကို စစ်ကောင်စီ နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNOတို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးမှ ထုတ်ပြန်ထားသည်။
“တိုက်ပွဲအခြေနေတွေကတော့ ငြိမ်နေတယ်။လက်နက်ကြီးနဲ့ ပစ်တာကတော့ အိမ်ကိုထိတယ် လူထိခိုက်မှုတော့ မရှိဘူး”ဟု အင်းလေးဒေသလူ့အခွင့်အရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီ ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ စစ်ရေးဆက်လက်တင်းမာနေသည်။
ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်စတင်ပြီဂ စစ်ကောင်စီ နှင့် လက်အောက်ခံ PNO တို့သည့် ညောင်ရွှေမြို့နယ် ၊ ဖယ်ခုံ နှင့် မိုးဗြဲ တကြောကို ပြန်လည်ထိုးစစ်ဆင်းမှုအပြင်းအထန်ပြုလုပ်လုပ်နေပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မီးလောင်ဗုံး၊ အဆိပ်ငွေ့ဗုံးများကို အသုံးပြုတိုက်ခိုက်သည့်အပြင် ကျေးရွာရှီ နေအိမ်များကိုပါ မီးရှို့ဖျက်စီးမှုများ ပြုလုပ်နေသည်။












Leave a Comments