Tuesday, January 27, 2026

ကျောက်မဲမြို့နယ် ရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီက ပေါင်(၅၀၀)ဖြင့်ဗုံးကြဲ

သျှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲမြို့နယ် မိုင်းလုံမြို့ ပန်ဝိုးကျေးရွာအုပ်စုတွင်းရှိ ရှဲဆန်သတ္တုကုမ္ပဏီကို အပစ်ခတ်ရပ်စဲထားသည့် စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲခဲ့သည်ဟု TNLAမှ ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် မေလ (၁၁)ရက် မွန်းလွဲပိုင်း (၁၂)နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်မှ ရှဲဆန်သတ္တုကုမ္ပဏီကို ဗုံးကြဲခဲ့ခြင်းကြောင့် ဘတ်ဖိုး (၁)စီး၊ သတ္တုထုတ်စက် (၁)လုံး၊စက်ပစ္စည်းများထားရှိသောဂိုဒေါင် (၁)လုံးနှင့် အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီး ဆုံးရှုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

စစ်ကောင်စီတပ်သည် TNLAထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းရှိဘဲ ပေါင် (၂၅၀)ဗုံး (၆)လုံးဖြင့် လာရောက်ကြဲချသွားခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့နယ် ရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီက ပေါင်(၅၀၀)ဖြင့်ဗုံးကြဲ

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ (၆)ရက်မှ (၃၀)ရက်အထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်တိုးထားသော်လည်း TNLAထိန်းချုပ်ထားသော် နယ်မြေများကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီး ပစ်ခတ်ခြင်းနှင့် နေ့စဉ်နီးပါး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။

ထိုသို့ လုပ်ဆောင်နေသောကြောင့် ဒေသခံများအနေဖြင့် စစ်ရေးအမြဲသတိရှိသင့်ကြောင်း TNLAမှ ထုတ်ပြန်အကြံပြုထားသည်။

ကျောက်မဲမြို့နယ် ရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီက ပေါင်(၅၀၀)ဖြင့်ဗုံးကြဲ

ဧပြီလကုန်တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ ပျက်ပြီးနောက် စစ်ကောင်စီတပ်က TNLAထိန်းချုပ်ထားသည့် ကျောက်မဲ၊မန်တုံ၊မိုးကုတ်နှင့် မိုင်းငေါ့ စသည့်နေရာတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး အရပ်သားသေဆုံးမှုများလည်း ရှိနေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...