မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၊ လေကြောင်းဗုံးကြဲ
သျှမ်း - ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး လေကြောင်း အသုံးပြု တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၇ ရက်) တွင်လည်း မိုးဗြဲမြို့နှင့် ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သည့်အပြင် လေကြောင်း...
သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲဆည်မြောင်းအတွင်း ငါးများ အစုအပြုံလိုက်သေဆုံးနေ
သျှမ်း - ကရင်နီနယ်စပ် မိုးဗြဲမြို့ရှိ ဆည်၊ မြောင်းထဲတွင် အကြောင်းရင်းမသိရဘဲ ငါးများ အစုအပြုံလိုက် သေဆုံးနေကြောင်း စုံစမ်းသိရသည်။ သျှမ်း - ကရင်နီနယ်စပ် တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ရှိ ချောင်းနှင့် မြောင်းထဲတွင် မေလဆန်းပိုင်းမှ စတင်၍ ငါးများ အစုအပြုံလိုက် အကြောင်းရင်းမသိရဘဲ သေဆုံးနေကြပြီး စစ်ကောင်စီ၏...
၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်အင်အားစုများ သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များအားလုံး စစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်းပေးရတော့မည်ဖြစ်ပြီး စစ်ကြောင့် ပျက်စီးခဲ့သည့် အစိုးရ အဆောက်အဦများနှင့် ပြည်သူ့နေအိမ်များကို တော်လှန်ရေးအင်အားစုဘက်က တန်းဖိုးအတိုင်းပေးလျော်ရမည် ဖြစ်ကြောင်း ဝါဒဖြန့်ချိနေပါသည်။ ဦးဖိုးမှန် အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ သူပုန်သိမ်းထားတဲ့ မြို့အားလုံးနီးပါးကို တပ်မတော်ထံ...
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရုရှားထပ်သွားမည်
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ နှစ် (၈၀) ပြည့် ရင်ပြင်နီ ချီတက်ပွဲ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ ထပ်မံသွားရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းစာများက ဖော်ပြသည်။ မေလ ၉ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့တွင်...
စစ်ကောင်စီ မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးသော်လည်း ကျောက်မဲမြို့နယ်ထဲ ဗုံးထပ်ကြဲ
ငလျင်ဒဏ်သင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီတပ်မှ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်သည်။ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီဘက်မှ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏...
ညောင်ရွှေမြို့နယ် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင်း ၅၀၀ ဗုံးကြဲ
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း၊ ဒရုန်း နှင့် လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၅ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့နယ် ရေပူ (ထီခိုး) ရွာကို စစ်ကောင်စီက ပေါင်း ၅၀၀...
TNLA ထိန်းချုပ် ကျောက်မဲမြို့ကို စစ်ကောင်စီ တိုက်လေယာဉ် လေကြောင်းဗုံးကြဲ
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၅ ရက်) နံနက် ၁၁ နာရီကျော်အချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အနီးသို့ စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ၅ မိနစ်ခြားပြီး ၂ ကြိမ်...
SHAN -
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတံ့ခိုင်မြဲရေးကို လေးစားပြီး မည်သည့် အခြေအနေပြောင်းလဲမှုမျိုးတွင်မဆို တရုတ်နိုင်ငံ၏ မူဝါဒ ထာဝစဉ်မပြောင်းလဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ပြောသည်။ ယနေ့ မေလ ၅ ရက် စစ်ကောင်စီလက်အောက်ခံ မြန်မာအလင်းသတင်းစာမှ ဖော်ပြသော တရုတ်သံအမတ်ကြီး မစ္စမာကျားရေးသားသည့် ဆောင်းပါးထဲတွင် ထိုကဲ့သို့ထည့်သွင်းပြောဆိုထားခြင်း...
TNLA ထိန်းချုပ်နယ်မြေထဲ လူသုံးကုန်နှင့် ဆေးဝါးသယ်ယူနိုင်ရေး စစ်ကောင်စီနှင့်ဆွေးနွေးခဲ့
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေထဲသို့ လူသုံးကုန်နှင့် ဆေးဝါးများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် စစ်ကောင်စီနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၄ ရက်) နံနက်ပိုင်းတွင် အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည့် PSLF/TNLA ၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ၌ ဧပြီလ ၂၈-၂၉...
ကူမင်းဆွေးနွေးပွဲ မအောင်မြင်၍ စစ်ကောင်စီမှ TNLAထိန်းချုပ်နယ်မြေများကို ဗုံးဆက်တိုက်ကြဲ
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့အပါဝင် TNLAထိန်းချုပ်ထားသည့် မြို့နယ်များကို ကူမင်းဆွေးနွေးပွဲ အပြီး စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။ ယမန် မေလ (၃)ရက်နေ့ နှင့် မေလ (၂)ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်း ၊မိုးကုတ်မြို့ အပါဝင် နောင်ချိုမြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံနှင့် ပြည်သူနေအိမ်...






