CATEGORY

စစ်ရေး

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ရှောင်များအတွက် မိုးကာများလိုအပ်နေ

တိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ကရင်နီပြည် တွင် စစ်ကောင်စီနှင့် တော်လှန်ရေ အင်အားစုတို့ ကြား လွန်ခဲ့သည့် ၂၀၂၃ခုနစ် ၁၁ရက် ၁၁လ ပိုင်း “၁၁.၁၁”...

ညောင်ရွှေမြို့နယ် တောင်ပို့ကွဲဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ မေလ ၁၃ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက် သေဆုံးမှုမရှိကြောင်း ဖယ်ခုံမြို့ဒေသခံ လူငယ်တစ်ဦးက...

လားရှိုးလေဆိပ် မကြာခင် ပြန်လည်ဖွင့်လှစ်သွားမည်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်ကို ပြန်လည်ပြုပြင်ပြီး မကြာခင်ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်၏ လေယာဉ်ပြေးလမ်းကြောင်းများကို ယခုရက်တပတ်အတွင်း ပြန်လည်းပြုပြင်နေပြီး မကြာခင် ပြန်လည်ဖွင့်လှစ်ရန် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ လေယာဉ်ပြေးလမ်းတွေပြန်ပြင်နေတယ်ဆိုတာ သိရတယ်။ပြန်ပြင်နေတာ‌တော့ ၄...

TNLA ထိန်းချုပ် မန်တုံမြို့နှင့် မိုင်းငေါ့မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

သျှမ်းပြည် မန်တုံမြို့နှင့် မိုင်းငေါ့မြို့တို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၂ ရက်) ည ၁၀ နာရီခွဲဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့ပေါ်သို့...

ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ညောင်လေးပင် ကျေးရွာနှင့် ရေပူကျေးရွာဖက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီဘက်မှအပစ်ခတ်ရပ်စဲရေး ကို မေ ၃၁ရက် အထိ ထပ်မံတိုးထားသော်လည်း အင်းလေးဒေသဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် လက်နက်ကြီးဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ “စံကားအရှေ့ဘက်မှာတိုက်ပွဲ ဖြစ်ပွားနေတယ်။ ရေပူတို့ ညောင်လေးပင်တို့ဖက်မှာတော့...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...

သိန္နီတွင် စစ်ရှောင်သွားသည့် နေအိမ်နှင့် ဆိုင်ခန်းကို တရုတ်က လိုက်လံငှားရမ်းနေ

သျှမ်းပြည် သိန္နီမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လာပြီးနောက် တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်လာပြီး စစ်ဘေးရှောင်သွားသည့် နေအိမ်များနှင့် ဆိုင်ခန်းများအား လိုက်လံငှားရမ်းနေ ကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သိန္နီမြို့ပေါ်ရှိ...

နောင်ချို စစ်ကောင်စီလက်နက်ကြီးကြောင့် အသက်(၅)နှစ် ကလေးအပါအဝင် အရပ်သား (၄)ဦးသေဆုံးဟု TNLA ပြော

သျှမ်းပြည် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက်(၅)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား (၄)ဦး သေဆုံးကာ (၇)ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ မေလ (၈)ရက် နေ့လယ် (၁၂)နာရီခန့်တွင် အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီတပ်မှ...

SSPP နှင့် MNDAA နှစ်ဘက်ဗဟိုအဆင့် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှုရလဒ်မထွက်

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ နှစ်ဘက်ဗဟိုအဆင့် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှု ရလဒ်မထွက်ကြောင်း စုံစမ်းသိရသည်။ မေလဆန်းပိုင်းတွင် SSPP ဘက်မှ ဗဟိုနိုင်ငံရေးကော်မတီနှင့် MNDAA ဘက်မှ ဗဟိုအဆင့် တာဝန်ရှိသူများသည် ‘ဝ’တပ်ဖွဲ့ UWSA...

TNLA ထိန်းချုပ် နမ့်ခမ်းမြို့နယ် ဆီလီကွန်သတ္တုတူးဖော်ရေးကိစ္စ ဆန္ဒပြခံရ၊ TNLA လာရောက်တားမြစ်

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဆီလီကွန်သတ္တုတူးဖော်သည့် ကုမ္ပဏီကို ရွာသားများ ဆန္ဒပြနေစဉ် TNLA တပ်သားများက လာရောက်တားမြစ်ခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စုတွင် ဆီလီကွန်ကျောက် (သလင်းကျောက်) တူးဖော်ထုတ်ယူနေသည့် မြန်မာရွှေသီးနှံကုမ္ပဏီ Myanmar...

Latest news