မိုးဗြဲ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ယခု ရက်သတ္တပတ်အတွင်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်ကာ လေကြောင်းမှ မီးလောင်းဗုံးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း...
မိုးမိတ် SSPP/SSA သေနတ်ပစ်ဖောက်သည့်ကိစ္စ ဖြေရှင်းပေးရန် TNLA စာပို့အကြောင်းကြား
သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ သေနတ်ပစ်ဖောက်ခဲ့သည့် ကိစ္စကို မဟာမိတ် ဂုဏ်သိက္ခာရှိစွာဖြင့် လာရောက်ဖြေရှင်းရန် TNLA က စာပေးပို့ အကြောင်းကြားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မတ်လ (၂၃) ရက်တွင် မိုးမိတ်မြို့နယ် မန်ဖွယ်ကျေးရွာရှိ SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်)...
နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပတ်ပတ်လည်ဝိုင်းထား၊ မြေပြင်ထိုးစစ် အင်အားဖြည့်တင်းနေ
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသကို စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင်နေစဉ် မဲပုတ်ကျေးရွာရှိ တိမ်ပင်လယ်နေရာများကို ပြန်လည်နေရာယူထားနိုင်ကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်း နေရာများကို စစ်ကောင်စီတပ်မှ အပြင်းအထန်...
ရွာငံမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ စိတ်အလိုကျ စစ်မှုထမ်းခေါ်နေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းရွေးချယ်ရာတွင် ၎င်းတို့စိတ်အလိုကျသာ ရွေးချယ်စေလွှတ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း စစ်မှုထမ်းရန် အသက်ပြည့်မီသူများကို စာရင်းကောက်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှ စာရင်းဖြင့် လာရောက်ကောက်ယူခြင်း၊ ကျေးရွာအတွင်း မဲနှိုက်၍ စစ်မှုထမ်းခိုင်းခြင်းမျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများနှင့် ဆက်ဆံရေး အဆင်မပြေသူများ၊ ဆင်းရဲနွမ်းပါးသူများကိုသာ ရွေးချယ်သွားကြောင်း...
TNLA မှ မိုးမိတ် SSPP/SSA တပ်စခန်းကို ဖိအားပေး မောင်းထုတ် နှစ်ဘက်ကြား စစ်ရေးတင်းမာနေ
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) မှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA) ကို စစ်ရေးအရ ဖိအားပေး မောင်းထုတ်မှုကြောင့် နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၃) ရက် နေ့လယ် ၁၂ နာရီဝန်းကျင် နှင့်...
MNDAA နှင့် စစ်ကောင်စီ ကူမင်းဆွေးနွေးပွဲ ထပ်မံ မအောင်မြင်
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံကူမင်းမြို့ဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် သွားရောက်တွေ့ဆုံကြပြီ နယ်မြေအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီဆွေးနွေးရာခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအတွင်း ကိုးကန့်တပ်ဖွဲ့သည်...
ဖယ်ခုံမြို့ ကောက်လာသည့် မိုင်းပေါက်ကွဲ တစ်ဦးသေဆုံး၊ ကလေးငယ် ၃ ဦးဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘီသူ (အထက်)ကျေးရွာတွင် ကောက်လာသည့်မိုင်းပေါက်ကွဲရာ အမျိုးသားတစ်ဉီးသေဆုံးပြီး ကလေးငယ် ၃ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဖယ်ခုံမြို့နယ် ဘီသူ(အထက်)ရွာရှိ ကလေးငယ်သည် ရွာပြင်တွင် ကျနေသည့် မပေါက်ကွဲသေးသော မိုင်းကို ကောက်ယူလာသဖြင့် နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း...
နိဒါန်း သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယခုလဆန်းပိုင်း၌ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် Telegram၊ TikTok၊ YouTube၊ Facebook တို့၌ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တို့၏ သွေးထိုးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ဒေသအတွင်းနေထိုင်သည့် ပြည်သူများ အချင်းချင်းကြား၊ လူမျိုးစု လက်နက်ကိုင် အချင်းချင်းကြားနှင့်...
ညောင်ရွှေမြို့နယ် ရေပူရွာ စစ်ဘေးရှောင်များ PNO တပ်ဖွဲ့အတွင်း စစ်မှုထမ်းမှ နေရပ်ပြန်ခွင့်ပြု
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာမှ စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ထဲ စစ်မှုထမ်းနိုင်မှသာ နေရပ်သို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် အင်းလေးဒေသရှိ ကျေးရွာများနှင့် ရေပူကျေးရွာ၊ ဘီလူးချောင်း အရှေ့ဘက်ရှိ နန်းတုပ်ကျေးရွာများကို တစ်လအတွင်း...
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီမှ ပြန်လည် တည်ဆောက်ထားသည့် မြို့မဈေးထဲ အဝေးရောက် ဈေးဆိုင်ခန်းပိုင်ရှင်များကို နေရာချပေးရန် စည်ပင်မှ စည်းရုံးဆွဲခေါ်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ မြို့မဈေးရှိ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသော ဈေးဆိုင်ခန်းများကို ပြန်လည်ဆောက်လုပ်ထားပြီး မူလဆိုင်ခန်း ပိုင်ရှင်တစ်ဦးလျှင် ဆိုင်ခန်း (၁)...





