ဆီဆိုင်မြို့နယ် ဒေသခံ ၆၀၀၀ ကျော် PNO ဖိအားပေး ပြောင်းရွှေ့ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံများကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ဖိအားပေး ပြောင်းရွှေ့ခိုင်းနေကြောင်း စုံစမ်းသိရသည်။

နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဘိုရွာ၊ ပင်စက်ရွာနှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထောင် ၆ ရွာ၊ ကလားလမ်ရွာအတွင်းရှိ ဒေသခံများကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်ခွာရမည်ဖြစ်ကြောင်း ပအိုဝ်းပြည်သူ့စစ် PNO က စာပို့အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာများတွင် လူဦးရေ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီး လက်ရှိမှာ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ပြည်ထောင်စုလမ်းတစ်လျှောက်၌ တပ်စွဲထားကြောင်း ဆီဆိုင်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုသူတို့ ကင်းချထားလို့ ရွာသားတွေကို ပေးမနေတာ။ ဆီဆိုင်-နောင်ထော် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှာ ချထားတာ။ အခုသွားလာခွင့်ကိုလည်း မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲထိ ပေးထားတယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများအနေဖြင့် သတ်မှတ်ထားသော နောက်ဆုံးရက်၌ အပြီးထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူကြောင်း ပအိုဝ်းပြည်သူ့စစ် PNO ကခြိမ်းခြောက်ပြောဆိုခဲ့သည်။

ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွာသည့်သူများအနေဖြင့်လည်း တောင်ယာနှင့် စစ်ဘေးရှောင်စခန်းသို့ သွားရောက်နေထိုင်ခြင်း မပြုရန်နှင့် ဘုရားဖြူကျေးရွာ မွေတော်ဘုရားသို့ သွားရောက်နေထိုင်ရန် ပအိုဝ်းပြည်သူ့စစ် PNO က ညွှန်ကြားထားကြောင်း သိရသည်။

“အခုတောင်ယာတွေလုပ်နေတဲ့အချိန်ဖြစ်တော့ တောင်ယာထဲမှာပဲအိပ်၊ တောင်ယာထဲမှာပဲနေကြတယ်။ တဲဆောက်ပြီး နေနေကြတယ်။ ကျနော်တို့လည်း ဆီဆိုင်ဖြစ်တုန်းက ထွက်ပြေးဖူးတော့ ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ ကိုယ်ပဲသိတယ်။ စားစရာမရှိဘူး” ဟု ဆီဆိုင်မြို့ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ယခုလဆန်းပိုင်းမှစ၍ သျှမ်းပြည်တောင်ပိုင်းတွင် လိုင်စင်မဲ့ကားများကို ဆက်တိုက်ဖမ်းဆီးနေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများလည်း ကားမစီးရဲကြောင်း၊ ထော်လာဂျီများဖြင့် ထွက်ပြေးသွားလာနေရကြောင်း ဒေသခံများပြောသည်။

ဆီဆိုင်မြို့နယ် ဒေသခံများကို ဖိအားပေးပြောင်းရွှေ့ခိုင်းသည်နှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက ယခုလိုပြောသည်။

“သူတို့လုပ်တာက တော်လှန်ရေးနဲ့ လူထုကို အဆက်သွယ်ပြတ်အောင်၊ ထိဆက်မှုမရှိအောင် လုပ်ချင်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ ရပ်ရွာ၊ စည်းစိမ်၊ ဥစ္စာကို ဖျက်ဆီးချင်တဲ့အတွက် ဒီလိုမျိုး လုပ်တယ်လို့ပဲ မြင်ပါတယ်။ PNO ဆိုတာက စစဖွဲ့တုန်းက ပြည်သူလူထုကြားကနေ ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြည်သူလူထုကျွေးတဲ့ထမင်းကို စားပြီးတော့မှ ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်တယ်” ဟု ခွန်ရိန်းယံက ပြောသည်။

သို့သော် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNA ခေါ် အသွင်ပြောင်း ပအိုဝ်းပြည်သူ့စစ် PNO သည် ကိုယ်စီးပွားရေးအတွက်နှင့် ကျေးရွာအတွင်းရှိ ဒေသခံများကို ပြန်လည်မောင်းထုတ်နေသည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...