စစ်ကောင်စီ ထိုးစစ်ကြောင့် ညောင်ရွှေမြို့နယ် IPDF ထိန်းချုပ်နယ်မြေအချို့ လက်လွတ်ရ

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က မြေပြင်စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ ညောင်ရွှေမြို့နယ်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ထိန်းချုပ်နယ်မြေအချို့ လက်လွတ်လိုက်ရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီနှင့် PNO အင်အား ၁၀၀၀ ခန့်ပါဝင်သည့် ထိုစစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ကတည်းက ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာနှင့် ရေပူကျေးရွာသို့ စစ်ကြောင်းထားလာသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပြီး အင်အားမမျှသဖြင့် ရေပူရွာမှ ဆုတ်ခွာပေးလိုက်ရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ကထုတ်ပြန်ထားသည်။

“အခုရေပူ၊ တောင်ပို့ကွဲ၊ ဟိုပန်ကနေ ဆုတ်ပေးလိုက်ရတယ်။ အထိအခိုက်မရှိဘူး။ စစ်ကြောင်းကတော့ ထိုးလာတာအများကြီး၊ လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ကူပစ်နေတယ်” ဟု IPDF နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ယခုတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သည့်အပြင် ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများပါး ပြုလုပ်ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ PNO ၏ လူမှုကွန်ရက်တွင်လည်း တော်လှန်တပ်ရေးတပ်ဖွဲ့များ ၃ နှစ်နီးပါး တပ်စွဲထားသည့် ထီခိုးကျေးရွာ၊ ရေပူကျေးရွာ၊ ဘုရားတောင်တို့ကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလတွင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းယူလိုက်ပြီးနောက် ညောင်ရွှေမြို့နယ် တောင်ဘို့ကွဲ၊ ဟိုပန်နှင့် ညောင်လေးပင်နှင့် ပင်လောင်းမြို့နယ် နမ့်တုတ်၊ ကုန်းသာ၊ အိမ်မူရွာမှာ တော်လှန်ရေးအဖွဲ့များ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

ထို့အပြင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF လည်း ၂၀၂၃ ဇန်နဝါရီလမှစ၍ အင်းလေးဒေသတွင် စတင်အခြေချထားကြောင်း သိရသည်။

လက်ရှိတွင် ရေပူနှင့် ဘုရားတောင်ရွာတွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်လာပြီးနောက် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲအတွင်း ဒေသခံနေအိမ်များ မီးရှို့ဖျက်ဆီးမှုများရှိသော်လည်း မည်သည့်အဖွဲ့အစည်းလုပ်သည်ကို အတိအကျမသိရဘဲ တော်လှန်ရေးအဖွဲ့များနှင့် PNO ပြည်သူ့စစ်တို့ အပြန်အလှန်စွပ်စွဲပြောဆိုနေကြသည်။

ကရင်နီပြည်အတွင်း ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းအတွက် အဓိက အရေးပါသော မြို့တော် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းကို ထိန်းချုပ်ရန် စစ်ကောင်စီက မေလဆန်းပိုင်းမှစ၍ ပင်လောင်း၊ ညောင်ရွှေ နှင့် ဆီဆိုင်မြို့တို့ဘက်မှ စစ်ကြောင်းထိုးနေသောကြောင့် ယင်းမြို့နယ်များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကောင်စီက အရပ်ပစ်ထားသော်လည်း ဇွန်လ ၁ ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်ထော်နှင့် ဇွန်လ ၂ ရက်နေ့တွင် PNLO ဌာနချုပ်ကို ဦးတည်၍ မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ဗန်းမောက်ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ရမ်းတမ်းပစ်ခတ်ခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က နှစ်လအတွင်း လက်နက်ကြီးဖြင့် ၇၁ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ရကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...