သျှမ်းပြည်အရှေ့ပိုင်း စစ်ကောင်စီတပ်သားများအတွက် စစ်ထောက်ပံ့ကြေးများ ကောက်ခံနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် စစ်ကောင်စီတပ်သားများအတွက် လစဉ် စစ်ထောက်ပံ့ကြေးများ ထည့်ပေးရန် ကောက်ခံနေကြောင်း သတင်းရရှိသည်။

ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် တစ်လလျှင် ထိုင်းဘတ်ငွေ ၃၀၀ မှ ၅၀၀ အထိ စစ်ကောင်စီအတွက် စစ်ထောက်ပံ့ကြေး ထည့်ပေးနေရပြီး ဒေသခံများအတွက် အခက်အခဲ ကြုံတွေ့နေရ‌ကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့ရပ်ကွက်တွေက ထည့်ရတာကြာပြီ၊ ကျမတို့က ပေးရတာ ၂ လလောက်ပဲ ရှိသေးတယ်။ တချို့က ဘာအတွက်ကြောင့် ကောက်လဲဆိုတာတောင် မသိဘူး။ အခုမှ အဲ့လိုတွေ ကောက်တော့ လစဉ်လတိုင်း ထပ်ပေးရရင် အခက်အခဲတွေ ရှိတာပေါ့ရှင့်၊ ငွေကြေး အဆင်မပြေတဲ့ သူတွေဆိုပိုဆိုး”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကျိုင်းတုံမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း ပြီးခဲ့သည့် မတ်လမှ စတင်၍ စစ်ကောင်စီအတွက် စစ်ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် မြန်မာကျပ်ငွေ ၃ သောင်းမှ ၆ သောင်းအထိ ပေးနေရခြင်းကြောင့် အခြေခံလူတန်းစားများအတွက် ပို၍ အခက်အခဲများ ဖြစ်စေကြောင်း ကျိုင်းတုံမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျိုင်းတုံမှာလည်း ရပ်ကွက်တိုင်းလိုလို ကောက်နေတာ။ ရပ်ကွက်ထဲက လူကြီးတွေပဲ ကောက်ပေးတာ၊ လကုန်တာနဲ့ ထည့်ပေးရတာ။ နေ့လုပ်နေ့စားတွေ အတွက်ကြတော့ အဆင်မပြေဘူးလေ၊ ဒါပေမဲ့လည်း ဘာမှ မပြောရဲကြဘူးလေ။ မထည့်လို့မှ မရတာ၊ ဘယ်သူမှ မတတ်နိုင်ဘူး”ဟု ကျိုင်းတုံမြို့ ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ပင်လောင်းမြို့နယ်တွင်လည်း ဇွန်လ ပထမပတ်မှ စတင်၍ စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဒေသခံများကို အကြောင်းအမျိုးမျိုးပြ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့အတွက် စစ်မှုထမ်းထောက်ပံ့ကြေးများ ကောက်ခံနေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများ ဆက်လက် ဈေးနှုန်းမြင့်တက်နေလျက် ရှိနေသည့်အပြင် စစ်ကောင်စီနှင့် လက်‌အောက်ခံများကလည်း လစဉ်လတိုင်း အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံ နေခြင်းကြောင့် ပြည်သူများ တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေး ကြပ်တည်းနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...